25

26 2 0
                                    

25 (uni)

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၂၅





သူသည် အိုမီဂါ ဖြစ်ဖြစ် အယ်လ်ဖာဖြစ်ဖြစ် မည်သူမျှ သူ့ကို မထိန်းချုပ်နိုင်ပေ။



အိုမီဂါဖြစ်လျှင်တောင်မှ အယ်လ်ဖာထိန်းချုပ်မှုခံရမယ့်အစား အယ်လ်ဖာကို လက်ဖဝါးတွင် ကိုင်ချုပ်ထားမည့် အိုမီဂါပဲဖြစ်ရမည်။



ချောင်းမို၏ တစ်ကိုယ်လုံး တောင့်တင်းလာခဲ့သည်၊ အကြောင်းမှာ ကျန်းလော့ကျစ်သည် သူမကို နမ်းရုံသာမက သူ့လက် မှာလည်း ...



ချောင်းမို၏ ဦးရေပြားမှာ ထုံကျင်နေပြီး သူမတစ်ကိုယ်လုံး ရွှင်မြူးမှုကြောင့် ပေါက်ကွဲသွားသယောင်ပင်။ တစ်ချိန်တည်းမှာပင် ကျဉ်းမြောင်းသော ဓာတ်လှေကားအတွင်း ပြင်းထန်သော ရနံ့နှစ်ခု လှည့်ပတ်ရင်း ရောထွေးရင်းနဲ့ ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။



ထိုအချိန်တွင်၊ ချောင်းမို၏ မသိနားမလည်သော နှလုံးသားသည် ရုတ်တရက် ရှင်းလင်းလာပြီး သူမ ယခင်က နားမလည်ခဲ့သော လျှို့ဝှက်ဆန်းကြယ်မှုမှာ လုံးဝ ပြေလည်သွားခဲ့သည်။



ပိုင်ယွဲ့ကွမ်းက ဒီစကားတွေကို ဘာကြောင့် ပြောရတာလဲ၊ ကျန်းလော့ကျစ်က ဘာလို့ ဒီလို တုံ့ပြန်ရတာလဲ၊ သူမရဲ့ ခန္ဓာကိုယ်ကို ပုံမှန်မဟုတ်စေတဲ့ အပူကို ဘာလို့ခံစားနေရတာလဲ၊ အရေးကြီးဆုံးကတော့ ဒီကမ္ဘာကြီးမှာ တစ်ခုခုမှားနေတယ်လို့ ဘာလို့သူမ အမြဲခံစားရတာလဲဆိုတာတွေပဲ။



ဘာလို့လဲဆိုတော့ သူမသည် ခွေးသွေးနှိပ်ဆက်မှု ဝတ္ထုလောကထဲ လုံးဝမဝင်ရောက်ခဲ့တဲ့အပြင် ကျန်းလော့ကျစ်နဲ့ ပိုင်ယွဲ့ကွမ်းတို့သည်လည်း အမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင်များ မဟုတ်ခဲ့ပေ။ သူမသည် မကြုံစဖူး ထူးဆန်းသော လိင်လောကသို့ ရောက်ရှိလာခဲ့ပြီး သူမက အယ်လ်ဖာတစ်ဦးဖြစ်ကာ ကျန်းလော့ကျစ်က အိုမီဂါဖြစ်သည်။



တစ်နည်းဆိုရသော် သူမသည် အဲ့လိုကြီးမားပြီးချစ်ဖို့ကောင်းသည့် မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့သည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now