16

27 2 0
                                    

16 (uni)

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၁၆





ဤအခိုက်အတန့်တွင် ကျန်းလော့ကျစ်အား တိတ်တဆိတ် နှုတ်ဆက်လိုသော ချောင်းမိုသည် ဖြတ်သွားမိကာ စိတ်လှုပ်ရှားဖွယ်မြင်ကွင်းတစ်ခုထဲသို့ ဝင်ရောက်လာမိသည်။



ဝိုး! အိုး!



ချောင်းမို ယသည် သူမ၏လက်များကို မြင့်မြင့်မြှောက်ပြပြီး အလွန်အပြစ်ကင်းသောပုံဖြင့် "တောင်းပန်ပါတယ် ကျွန်မ ဒီတိုင်းဖြတ်သွားရုံတင်။ ရှင်တို့ဆက်လုပ်လို့ရတယ်၊ ကျွန်မ ဘာမှ မမြင်ခဲ့ဘူး။ "



အာဏာရှင်နှင့် နတ်ဘုရားမလို့ ခေါင်းစဥ်တပ်ထားတဲ့ အချစ်ဝတ္ထုတကယ်ဖြစ်ထိုက်သည်။ ဘယ်လောက်တောင် ချိုမြိန်ပြီး ရိုမန့်တစ်ဆန်လိုက်တဲ့ မြင်ကွင်းလေးလဲ။ ဒါတကယ့် အချစ်ဇာတ်လမ်းထဲက ဇာတ်ကွက်ပဲ။



သူမက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ခံစားချက်တွေကို လှုံ့ဆော်ပေးမယ့် ဇာတ်ကောင်သာသာ ဆိုတာ ပြောခဲ့သားပဲ။ အခုဆိုရင် ဇာတ်လိုက်တို့နှစ်ယောက်ကြား ချစ်ခြင်းတွေ ဖော်ထုတ်နေပြီဆိုတော့ သူမလို အမြှောက်စာဇာတ်ကောင်က စင်ပေါ်က ဆင်းရတော့မယ့် အချိန်ရောက်ပြီ။



ချောင်းမိုကို မြင်မြင်ချင်း ပိုင်ယွဲ့ကွမ်းနည်းနည်းတော့ ပျာယာခတ်သွားသေးသည်။ ဘာလို့လဲဆိုတော့ သူမလို အဆင့်အတန်းမြင့်တဲ့ ပတ်ဝန်းကျင်က မွေးဖွားလာတဲ့ အိုမီဂါတစ်ယောက်အတွက် ဖယ်ရိုမုန်းတွေသုံးပြီး အယ်လ်ဖာတစ်ယောက်ကို မြူဆွယ်တယ်ဆိုတာ အရှက်ကင်းမဲ့တဲ့လုပ်ရပ်ပဲလေ။ ဒါပေမယ့် စိတ်ထဲမှာတော့ သူမ တိတ်တိတ်လေးဝမ်းသာနေမိသည်။



ချောင်းမိုက သူမပြိုင်ဖက်တစ်ယောက်ပဲမလို့ ဒီလို မြင်ကွင်းမျိုးကို မြင်သွားတာက သူမအတွက် အကောင်းချည်းပဲလေ။



ဒါပေမယ့် မထင်ထားသောအရာ ဖြစ်လာခဲ့သည်။



ကျန်းလော့ကျစ်က သူမကို တွန်းထုတ်ကာ ချောင်းမိုဆီ တယိမ်းတယိုင် လျှောက်သွားပြီး သူမကို အရှိန်နှင့်ဖက်လိုက်ကာ သူမရင်ခွင်ထဲဝင်နေသလို ဖြစ်လာခဲ့သည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now