36

76 2 0
                                    

Uni




နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၃၆





ချောင်းမို၏ မူလပျော်ရွှင်နေသော စိတ်အခြေအနေသည် ချက်ချင်း နစ်မြုပ်သွားသည်။ သူမသည် ခဲ့မိုနှင့် အခြားသူများကို အလျင်စလို တောင်းပန်လိုက်ပြီး ကားပါကင်ဆီ အမြန်သွားခဲ့သည်။



“စိတ်မပူနဲ့၊ ကျွန်မ လာမှာကိုစောင့်နေပါ။ ဖယ်ရိုမုန်း ထိန်းမရဖြစ်တာကနေ ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်မလာအောင် အခုပဲကားတံခါးပိတ်ထားလိုက်တော့"



ချောင်းမို၏ အသံသည် အေးဆေးတည်ငြိမ်ပြီး ပိုင်ယွဲကွမ်းကို စိတ်အေးသွားစေသည်။ ပိုင်ယွဲ့ကွမ်းသည် ချောင်းမို ပြောတဲ့အတိုင်း လုပ်ပြီးနောက် သုံးမိနစ်အတွင်း ချောင်းမိုသည် လေပြင်းတိုက်သလို ရောက်လာခဲ့သည်။



ပိုင်ယွဲ့ကွမ်း အံ့ဩသွားပြီး “မြန်လိုက်တာ” လို့ မပြောနိုင်ဘဲ မနေနိုင်တော့ဘူး။



ထိုအချိန်တွင် ချောင်းမိုသည် ပိုင်ယွဲ့ကွမ်းကို ယဥ်ကျေးသမှူပြုမနေနိုင်တော့ဘဲ ပိုင်ယွဲ့ကွမ်းအား ခေါင်းညိတ်ပြလိုက်ပြီး ကားတံခါးကို တုံ့ဆိုင်းခြင်းမရှိ ဆွဲဖွင့်ကာ " ကျေးဇူးတင်ပါတယ် မစ္စပိုင်၊ ဒီကနေစပြီး ကျွန်မ ကျန်းလော့ကျစ်ကို ဂရုစိုက်လိုက်ပါတော့မယ် "



ပိုင်ယွဲ့ကွမ်း ပြန်သတိဝင်လာချိန်မှာတော့ ချောင်းမိုက ကျန်းလော့ကျစ်ကို ခေါ်ပြီး ကား မောင်းထွက်သွားပြီဖြစ်သည်။



ပိုင်ယွဲ့ကွမ်းသည် အချိန်အကြာကြီး သတိပြန်မဝင်လာဘဲ ခွေးစာအပြည့်စားလိုက်ရသလို ခံစားလိုက်ရသည်။



ထို့အပြင်၊ သူမ အမြင်မှားတာပဲလားတော့မသိ။ ချောင်းမိုမှာ အရင်တုန်းက ကျန်းလော့ကျစ်ကဲ့သို့ သန်မာပြီး လူတွေကို ကြောက်ရွံ့မှုနှင့် နာခံမှုကို ခံစားရစေသည်။



ဒါပေမယ့် ချောင်းမိုကဟာ ရိုးရှင်းတဲ့ ငယ်ရွယ်လှပသော အိုမီဂါတစ်ယောက်မလား?



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now