23

19 2 0
                                    

23 (uni)

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၂၃





အနီးနားရှိလူများ၏ရယ်သံများ ကျယ်လောင်လာသည်နှင့် အမျှ အကြီးဆုံးဇနီးကြီး၏ မျက်နှာပေါ်ရှိ တင်းမာသောအမူအရာများ ပြေလျော့သွားကာ မစ္စတာ ကျန်း သည်လည်း သက်တောင့်သက်သာရှိသော အပြုံးကို ပြသလိုက်သည်။ ကျန်းယွဲ့ကျစ်၏ မျက်လုံးများသာ ပြူးကျယ်သွားကာ မျက်နှာ ပျက်ပျက်နှင့် ပြောခဲ့သည်။“မဖြစ်နိုင်ဘူး၊ ဒါက လုံးဝမဖြစ်နိုင်ဘူး! "



သူ စိတ်လွတ်သွားလုနီးပါးဖြစ်သွားသောကြောင့် ကျန်းလော့ကျစ်ဆီ ပြေးသွားလိုက်သည်။ သူ့ပုံမှာ ရူးသွပ် ကြောက်မက်ဖွယ်ပင် ဖြစ်နေတော့သည်။



ခန်းမတွင်းရှိလူတိုင်းသည် သက်ပြင်းရှိုက်လိုက်မိကြပြီး မစ္စတာ ကျန်းပင်မျက်မှောင်ကြုတ်ကာ “ ကျန်းယွဲ့ကျစ်၊ လုံလောက်ပြီ "ဟု ကြိမ်းမောင်းလိုက်သည်။



ကျန်းလော့ကျစ်သည် မျက်မှောင်ကြုတ်ပြီး အေးစက်သော အမူအရာဖြင့် နောက်သို့ ဆုတ်လိုက်သည်။ သူ ဤအရူးအယ်လ်ဖာနှင့် မယှဉ်နိုင်ကြောင်း သိပေသည်။



နောက်တစ်စက္ကန့်တွင် ဖြူဖျော့ဖျော့လက်သေးသေးလေးသည် ကျန်းယွဲ့ကျစ်၏ လက်မောင်းကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ရူးသွပ်နေသော ကျန်းယွဲ့ကျစ်ကို လူတိုင်း၏ အံ့အားသင့်သောအကြည့်များအောက်တွင် မီတာများစွာအကွာသို့ ပစ်ပေါက်လိုက်သည်။



ချောင်းမိုသည် ကျန်းလော့ကျစ်ကို စိုးရိမ်တကြီး ကြည့်ကာ မေးခဲ့သည်။ “မစ္စတာ ကျန်း၊ ရှင်အဆင်ပြေရဲ့လား"



သူ့ဘေးတွင် ချောင်းမိုကို မြင်လိုက်ရသည်မှာ ကောင်းကင်က နတ်သမီးလေး ဆင်းလာသလိုပင် ကျန်းလော့ကျစ် ခဏလောက် အေးခဲသွားပြီး သူ့ရဲ့ အေးစက်တဲ့ အမူအရာက အနည်းငယ် ပြေလျော့သွားကာ ပြောခဲ့သည်။ “သွားကြရအောင်"



ချောင်းမိုက ဘာမှ မမေးတော့ဘဲ သူတို့ ရောက်လာတုန်းကလိုပဲ၊ ကျန်းလော့ကျစ်ရဲ့ လက်မောင်းကို ကိုင်လိုက်ပြီး သူနဲ့အတူ ထွက်လာလိုက်သည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now