34

182 9 0
                                        

Uni




နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၃၄





ချောင်းမိုသည် ခဲ့မို၏ အကြည့်ကို သတိပြုမိပြီး ဖယ်ရိုမုန်း အနည်းငယ်ကို တည်ငြိမ်စွာ ထုတ်လွှတ်လိုက်သည်။ တူညီသော ဖယ်ရိုမုန်း အမျိုးအစားဖြင့် လှုံ့ဆော်ခံလိုက်ရသော ခဲ့မိုသည် ချက်ချင်းအသိပြန်ဝင်လာပြီး သူ့နှလုံးသားထဲမှ မရေမရာဖြစ်မှုများ ကွဲပျက်သွားခဲ့သည်။



ဒါက ချောင်းမိုရဲ့သတိပေးချက်ပဲဆိုတာ သိလိုက်ရတော့ ခဲ့မိုသည် ခါးသီးစွာဖြင့် ပါးစပ်ထောင့်များ လှုပ်သွားခဲ့သည်။ သူသည် ချောင်းမိုနှင့် လုံခြုံသော ဆက်ဆံရေး အကွာအဝေးကို ထိန်းသိမ်းထားခဲ့ပြီး သူ၏ မဖြေရှင်းနိုင်သော ခံစားချက်များအတွက် ခါးသီးနေခဲ့သည်။



သို့သော်လည်း သူသည် သူနဲ့အလားတူ အခြေအနေမျိုးတွင် ရှိနေမည့် မစ္စတာ ကျန်းကို ချက်ခြင်း တွေးလိုက်မိပြီး တခြားသူ၏ ကံမကောင်းမှုအပေါ် စိတ်ကျေနပ်သွားပြီးနောက်မှာတော့ သူ့နှလုံးသားထဲ အဲ့လောက်ကြီး စိတ်ဓါတ်ကျမနေမိတော့ပေ။



ဂီတအဖွဲ့ရှိလူများသည် အလွန်တက်တက်ကြွကြနှင့် ချောင်းမိုကို ဖော်ရွေစွာ နှုတ်ဆက်ခဲ့ကြသည်။



မိန်းကလေးတွေထဲက တစ်ယောက်က ချောင်းမိုကို မျက်စိမှိတ်ပြပြီး ခပ်နောက်နောက်ဖြင့် "ပထမတော့ လောင်ခဲ့(*) တစ်ယောက်ကတော့ စင်ဂယ်ဘဝက ကျွတ်တော့မယ်လို့ ငါတို့ထင်နေခဲ့တာ၊ သူ့အတွက် စင်ဂယ်ဖြစ်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုပွဲတောင် လုပ်ပေးတော့မလို့ဘဲ။ ဒါပေမယ့် လူပျိုကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်အသစ်ပဲဖြစ်သွားတယ် "



ချောင်းမိုသည် သူမနှင့် လိင်တူသော အခြား အမျိုးသမီးအယ်လ်ဖာတစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ရာ သူမသည် အခြားလူကို မကြည့်မိဘဲ မနေနိုင်ပေ။



နောက်တော့ ဒီကမ္ဘာပေါ်က အမျိုးသမီး A ဟာ သူမရဲ့ အရင်ဘဝက ပုံမှန် အမျိုးသမီးပုံပေါက်ပေမယ့် တကယ်တမ်းမှာတော့ သူမနဲ့ မတူတဲ့ အရိုးအဆစ်ရှည်ရှည်၊ မျက်ခုံးထက်ထက်တွေရှိတာကို သူမ သတိထားလိုက်မိသည်။ အဲ့တာကြောင့်ပဲ သူမအမြဲတမ်း အထင်လွဲခံရခြင်းဖြစ်သည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now