9

31 2 0
                                    

9 (uni)

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၉





ကျန်းလော့ကျစ်၏ သွယ်လျသောလက်ချောင်းများသည် လှုပ်ခတ်သွားပြီး ချောင်းမို၏ လက်ဖဝါးကို ထိလိုက်မိသည်။



ချောင်းမိုသည် ရုတ်တရက် ရပ်လိုက်ပြီး ကျန်းလော့ကျစ်ကို ထိတ်လန့်စွာ ကြည့်ကာ "မစ္စတာ ကျန်း၊ နာလို့လား။ ကျွန်မ အားနည်းနည်း လျော့ပေးရမလား? "



"ချောင်းမို၊ မင်းရဲ့ ခွန်အားက မွေးရာပါလား? "



ကျန်းလော့ကျစ်က မျက်လုံးကို အောက်ငုံ့ပြီး ချောင်းမိုကို စိုက်ကြည့်နေသည်။



ချောင်းမိုက ကျန်းလော့ကျစ် မနေ့ညကအကြောင်းကို မေးတယ်ထင်ပြီး အားနာစွာ ပြုံးပြကာ " မွေးရာပါလို့တော့ ပြောလို့မရဘူး။ ကျွန်မ အရွယ်ရောက်တာနဲ့စပြီး လေ့ကျင့်ရေးတွေလုပ်ခဲ့တာ။ ကျွန်မမိဘတွေက ကျွန်မကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင်လို့ လက်ဝှေ့ထိုးတာနဲ့ ကွန်ဖူးကို သင်ခိုင်းခဲ့တာပဲ။ "



ချောင်းမိုက ဇာ့ဂ်တွေ မကျုးကျော်ခင်တုန်းက သူမ၏ အတိတ်အကြောင်းကို ပြောမိသွားတာဖြစ်သည်။ အဲ့အချိန်တုန်းက ချောင်းမိုက သာမန်မိသားစုမှာ မွေးဖွားလာတဲ့ ပျော်ရွှင်ဖွယ် ကလေးမလေးတယောက်သာဖြစ်သည်။ သူမ မိသားစုက သူမကို သူတိူ့လက်ထဲက ပုလဲလေးလို သတ်မှတ်ထားကြတဲ့အတွက် သူမ အနိုင်ကျင့်ခံရမည်စိုး၍ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရန် (*)နှစ်သွယ်တိုက်ခိုက်ရေးနည်းကို အတင်းလေ့ကျင့်စေခဲ့သည်။

* ( T/N နှစ်သွယ်တိုက်ခိုက်ရေးနည်း = အတိအကျတော့မသိပါဘူး။ ဖြစ်နိုင်တာက သိုင်းလေ့ကျင့်တာမျိုးနဲ့ တခြားခုခံရေးလို လေ့ကျင့်‌ေရးမျိုးပါ )



ချောင်းမိုက အနည်းငယ်ပါရမီပါခဲ့၍ထင် သူမသည် ထိုကဲ့သို့ လေ့ကျင့်ရေးများတွင် ထူးချွန်ခဲ့သည်။ နောက်ပိုင်းတော့ သူမ စစ်တပ်ထဲဝင်ခဲ့ပြီး နည်းပြများကြားတွင် နာမည်ကြီးခဲ့ကာ သူမကိုတိုက်ခိုက်ရေး လှည့်ကွက်အနည်းငယ် သင်ကြားပေးခဲ့ကြသည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now