33

25 1 0
                                    

Uni




နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၃၃





ချောင်းမိုသည် တည်နေရာနှင့် အချိန်ကို မေးမြန်းပြီးနောက် ဖုန်းချလိုက်ပြီး အချိန်အကြာကြီး စကားမပြောနိုင်ဘဲ ရှုပ်ထွေးသောအမူအရာဖြင့် တစ်ယောက်ထဲ ဖုန်းကိုင်ကာ ငိုင်နေသော ခဲ့မိုကို ချန်ထားလိုက်သည်။



တစ်ဖက်တွင်၊ ချောင်းမိုနှင့် စုရှုတို့ ထွက်ခွာသွားပြီးနောက် ကျန်းလော့ကျစ်သည် တစ်လျှောက်လုံး စိတ်ဓါတ်ကျနေခဲ့သည်။



ကျန်းလော့ကျစ် စိတ်အခြေအနေ ဆိုးရွားနေတာကိုမြင်ပြီး သူနဲ့ စကားပြောနေတဲ့သူတွေက ဆင်ခြေရှာပြီး ထွက်ခွာသွားကြသည်။



ကျန်းလော့ကျစ်အတွက် ချောင်းမိုကို ကြိမ်းမောင်းခဲ့သော သူဌေး ဝမ်သာ နောက်တွင်ကျန်နေခဲ့ပြီး မျက်နှာချိုသွေးကာ "မစ္စတာကျန်း၊ ချွမ်းရှီအုပ်စုက ရင်းနှီးမြုပ်နှံထားတဲ့ ရုပ်ရှင်က ခုတလောကတင် ရိုက်ကူးပြီးခဲ့ပြီး ထုတ်လွှင့်တာမှာကို အားလုံးက စောင့်နေကြတယ်။ ရှောင်းရှောင်းကလည်း မစ္စတာ ကျန်းကို လူကိုယ်တိုင် ကျေးဇူးတင်ချင်နေတာနဲ့ မစ္စတာကျန်းများ ထမင်းတနပ်လောက်စားဖို့ အချိန်ပေးနိုင်မလားမသိဘူး? "



ကျန်းလော့ကျစ် အစကတော့ ငြင်းချင်ပေမယ့် စကားပြောထွက်ခါနီးလည်းကျရော သဘောတူညီချက်တစ်ခု ဖြစ်သွားခဲ့သည်။



သူဘာကြောင့်သဘောတူခဲ့မိလဲ မသိပေ။ လောလောဆယ်မှာတော့ သူနဲ့ ချောင်းမိုရဲ့အမှတ်တရတွေပြည့်နေတဲ့ ဗီလာကို မပြန်ချင်တာကြောင့်လည်းဖြစ်နိုင်ပေသည်။



သူဌေးဝမ်သည် ကျန်းလော့ကျစ်အလွယ်တကူ သဘောတူလိုက်လိမ့်မယ်လို့ မမျှော်လင့်ထားတဲ့အတွက် သူ့စိတ်ထဲတွင် အလွန်အံ့သြသွားသည်။ သူက ရှောင်းရှောင်းကို အကြောင်းကြားဖို့ ချက်ချင်းဖုန်းဆက်လိုက်ပြီး ကျန်းလော့ကျစ်ကို ကားထဲဝင်ရန် နွေးထွေးစွာဖိတ်ခေါ်လိုက်သေးသည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now