6

61 5 0
                                    

6(uni)

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၆





ကျန်းလော့ကျစ်သည် စီးကရက်တိုကို ဖိချေလိုက်ပြီး ကုတ်အင်္ကျီကို ဝတ်ကာ တံခါးမှ လျှောက်ထွက်လာခဲ့သည်။ တံခါးဝသို့ရောက်သောအခါ အတွင်းရေးမှူးအား မပြောင်းလဲသောအမူအရာဖြင့် ပြန်ကြည့်လိုက်ပြီး " ကျန်းယွဲ့ကျစ်ကိုပြောလိုက်၊ နောက်နှစ် အမှီ ထုတ်ကုန်အသစ်တွေ မရောင်းချနိုင်ရင် သူ ဒီနေရာမှာ ဆက်ရှိနေဖို့ မလိုတော့ဘူး။ "



အတွင်းရေးမှူးက ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။



ကျန်းလော့ကျစ်က ကုမ္ပဏီ၏ မြေအောက် ကားဂိုဒေါင်ဆီသို့ တိုက်ရိုက် ဓာတ်လှေကားဖြင့် ဆင်းသွားလိုက်သည်။ ကားပေါ်ရောက်တာနဲ့ သူ့ဘေးနားက ကားပေါ်ကနေ မောက်မာတဲ့ လေချွန်သံကို ကြားလိုက်ရသည်။



သူ ခေါင်းကို လှည့်ကြည့်လိုက်တော့ ကျန်းယွဲ့ကျစ်က လေကြောင့် လူးလွင့်နေသော ဆံပင်အနီရောင်ဖြင့် ပြိုင်ကားအနီပေါ်တွင် ထိုင်နေရင်း သူ့ကို လေချွန်ပြကာ " အစ်ကို၊ ကျွန်တော့ တောင်းဆိုချက်က အဆင်ပြေတယ်မလား "



ကျန်းလော့ကျစ်က သူ့ကို ပေါ့ပေါ့ပါးပါးပဲ တချက်စိုက်ကြည့်လိုက်သည်။ ကျန်းလော့ကျစ်ကို ကြည့်ရင်း ကျန်းယွဲ့ကျစ် မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း မှိန်ဖျော့လာကာ သူစိုးရိမ်စ ပြုလာသည်၊



“ မင်းစီးပွားရေးကိစ္စတွေ မေးမယ်ဆို စည်းကမ်းချက် အတိုင်းလုပ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဆိုရင်တော့ စီးပွားရေးအကြောင်းတွေ ပါမလာနဲ့။ ကုမ္ပဏီမှာ မင်းနဲ့ ငါက လက်အောက်ငယ်သားတွေပဲ၊ ညီအကို မဟုတ်ဘူး။ ”



သူပြောပြီးတာနဲ့ ကားပြတင်းမှန်ကို တင်ပြီး မောင်းထွက်သွားလိုက်သည်။



ကျန်းလော့ကျစ်၏ အနက်ရောင် မေဘတ်ချ်ကား ထွက်သွားသည်ကို ကြည့်ရင်း ကျန်းယွဲ့ကျစ်က နှာရှုံ့ပြီး ခပ်ငေါ့ငေါ့ဖြင့် " မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ။ နောက်ခံကောင်းတဲ့ တရားဝင်မိန်းမကနေ မွေးလာတဲ့ မင်းရဲ့ ကံကောင်းခြင်းသာ မရှိရင် အဲ့ဒီနေရာမှာ ထိုင်နေနိုင်ပါိ့လား။ "



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now