Uni
နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၃၂
သူသည် အိုမီဂါဖြစ်သော်လည်း အယ်လ်ဖာများဝန်းရံထားသည့်ကြားတွင် တုန်လှုပ်ခြင်း အလျင်းမရှိ တည်ငြိမ်နေကာ သူ့မှင်နက်ရောက် မျက်လုံးများနှင့်အတူ စူးရှထက်မြက်သော သူ့အော်ရာက ပတ်ဝန်းကျင်ရှိ အယ်လ်ဖာများ၏ အရှိန်အဝါကို မြင့်တက်စေနိုင်သည့် အုပ်စုထဲမှ အသန်မာဆုံးသော ဝံပုလွေတစ်ကောင်ပမာဖြစ်နေခဲ့သည်။ သူ့ဆီမှ လာသည့် ဖိနှိပ်မှုက သေလုအောင် ပြင်းထန်လှသဖြင့် သူက အိုမီဂါတစ်ယောက်ဆိုတာ လုံးလုံးမထင်ရပေ။
နှစ်ယောက်သား တံခါးဝတွင် မျက်နှာချင်းဆိုင်မိကြသည်။
ချောင်းမိုနှင့် ကျန်းလော့ကျစ်တို့သည် လူအုပ်ကြားမှ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသော်လည်း ဘယ်သူကမှ စကားစမလာပါ။
လေထုက ထူးဆန်းစွာ ကသိကအောက်ဖြစ်လာခဲ့သည်။
ဝိုင်အလွန်အကျွံသောက်ထားသော စုရှုသည် နိုးလာပြီး သူ့ညီအမ ရပ်သွားသည်ကို သတိထားမိတော့ သူမသည် မူးဝေနေသော ခေါင်းကိုကိုင်ကာ အသံတိုးတိုးမေးလိုက်သည်။ "မိုမို ဘာလို့ ရပ်လိုက်တာလဲ?"
သူမ၏ နှလုံးသားထဲတွင် စုရှုသည် လှပပြီး ချစ်စဖွယ်ကောင်းသော ချောင်းမိုကို သူမ၏ အချစ်ဆုံးသူငယ်ချင်းအဖြစ် မှတ်ယူထားပြီးဖြစ်သည်။ ထို့ကြောင့် အခု သူမ မူးနေသည့်အတွက် ချောင်းမိုပုခုံးပေါ် ဖွဖွလေး မှီထားခဲ့သည်။ သူမ ရှူရှိုက်လိုက်သော လေပူသည် ချောင်းမို၏ နားထဲသို့ ရိုက်ခတ်နေပြီး ကောင်မလေးနှစ်ယောက်တူတူရှိနေပုံမှာ အလွန်ရင်းနှီးဟန်ဖြစ်နေလေသည်။
ကျန်းလော့ကျစ် စုရှုကို ကြည့်လိုက်သည်။
သူ စုရှုကို တစ်ကြိမ်တွေ့ခဲ့ဖူးတဲ့အတွက် တဖက်သူမှာ ချောင်းမို၏ အတန်းဖော်ဖြစ်ကြောင်း သိနေသည်။ အဲ့အချိန်တုန်းကတော့ သူ ချောင်းမိုရဲ့ သာမန်အတန်းဖော်တစ်ယောက်ကို စိတ်ထဲသေချာမမှတ်ထားခဲ့ပေ။
YOU ARE READING
နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် O
Fiction généraleName - Delicate Female Supporting Role A and Tyrant Male Protagonist O Type - Web novel (CN) Genre - Comedy Drama Fantasy Mature Romance Tags - Beautiful Female Lead Calm Protagonist Clever Protagonist Clingy Lover Cold Love Interests Early Romance...