💕နတ်စည်းစိမ်နှင့် မလဲပါ 💕
==================== (ရိုမစ်တစ် ဇာတ်လမ်းပါ)
Part -1
======ရှောပင်းစင်တာ တစ်ခုတွင် လူတွေ စည်ကားသိုက်မြိုက်နေသည်။
ထိုထဲမှာမှ ဆံပင် ရွေအိုရောင်လေးနဲ့ကောင်မလေးသည်..အပေါ်လွှင်ဆုံး၊အလှဆုံးပင်၊သူမက ပေါင်လယ်လောက်ပဲ ရှိတဲ့ စကတ်တိုကို ဝတ်ထားသဖြင့်..သွယ်လျသော ခြေတံလှလှလေးကို မြင်နေရသည်။
သူမနဲ့မလိုက်ဖက်သည်က..သူမနဲ့အတူတွဲသွားနေသောအသက်ကြီးကြီး လူကြီးပင်။
"ဘုံဘုံလေး..ဘာဝယ်စရာကျန်သေးလဲ ကိုကြီးကိုပြော"
ဘုံက..ပါးချိုင့်လေးတစ်ဖက် ခွက်ဝင်နေအောင်ထိပြုံးလိုက်ပြီး...
"ဘုံမှာ အဘွားပေးလိုက်တာ ပိုက်ဆံရှိပါတယ်..ကိုကြီးရေ..ဒါပေမယ့်..."
ဘုံ အကြည့်တို့..ရတနာဆိုင်ထဲတွင် ရပ်တန့်သွားရသည်။
အသည်းပုံနှစ်ထပ်ပါပြီး အသည်းပုံတစ်ခြမ်းစီမှာ စိန်ပွင့်လေးတွေ တလက်လက်..တောက်ပနေသော ဆွဲကြိုးလေး
"ဟိုဆွဲကြိုးလေး..."
ဘုံ..လက်ညိုးထိုးပြသည်နဲ့..အရောင်းကောင်မလေးက ချက်ချင်းထုတ်ပေး၏။ သို့သော် ဘုံဆီကို..မဟုတ်ခဲ့ပဲ ဘေးက လူတစ်ယောက်ဆီကိုဖြစ်သည်။
"ဟင်"
ဘုံ ဆွဲကြိုးပါသွားရာကို လိုက်ကြည့်သည်ဖြစ်ပေမယ့်လဲ...အရမ်းချောသော ထိုလူကြောင့်..ခဏမျှ မင်တတ်သွားရသည်။
မြင့်မားသော အရပ်နဲ့ ဘေးတစ်စောင်းမြင်နေရတာပင် ဆွဲဆောင်နိုင်လှသည်။
ထိုလူသည် စေတမာန်
သို့သော်...
"ဒီမှာ..အဲဆွဲကြိုး ဘုံ ယူမှာ"
စေက..ဘေးနားကပြောနေတဲ့ ဘုံကို တစ်ချက်ကြည့်ပြီး..ပြန်လှည့်သွား၏။ဘုံ...စိတ်တိုသွားရကာ...
"ရှင် နားတော့ကောင်းပါသေးတယ်နော်...ဘုံ..အရင်မြင်တာ...လူပြောတာကို ဂရုမစိုက်သလိုနဲ့ ရှင်က ဘာလဲ"
စေက ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက် ထိုးထည့်လိုက်ပြီး..မျက်ခုံးတစ်ဖက်ကို..ဟန်ပါပါမြှင့်လိုက်သည်။