'' လင်းလက်ကျော်ရေ လင်းလက်ကျော် ''
'' ဗျာအဖေ ''
အဖေဖြစ်သူ အခန်းရှေ့မှလာအော်နေသောကြောင့် အခန်းတံခါးဖွင့်ကာစကားပြန်ခြင်းဖြစ်သည်။
'' ဟိုဟာ မင်းက ဒီတိုက်ခန်းမှာနေမှာမလား။ မင်းတစ်ယောက်ထဲအဆင်ပြေရင် ငါနဲ့မင်းအမေ ပြန်တော့မယ် ''
'' ဟုတ် ''
'' ကျောင်းက ၆လပြတ် သင်မှာဆိုတော့ April ကနေစပြီးသင်မှာပေါ့။ ငါတို့ April ပထမအပတ်ထိနေပေးမယ် ပြီးရင်ပြန်မယ် ''
'' ဟုတ် ''
ပြောနေတဲ့စကားက အေးစက်စက်။ စိတ်ထဲတွင်ကြိတ်ပျော်နေသည်။ အဖေနဲ့အမေ ပြန်တော့မှာမလို့လေ။ အဖေနှင့်အမေ ပြန်ရင် သူ လွတ်လပ်တော့မှာလေ။ လုပ်ချင်တာလုပ်လို့ရပြီး ချုပ်ချယ်မယ့်သူတွေမရှိတော့ဘူးလေ။ အခန်းထဲမှာ အိမ်ကြီးအကြောင်းကို ရှာမယ်ဆိုပြီး Laptop ထုတ်ပြီးရှာနေသည်။
'' Wow, ဒီအိမ်ကြီးက အမဲရောင်ကြီး ငါ့ Favorite color ပဲဟေ့။ ၃ထပ်အိမ်ကြီးဟ။ ခြံကြီးကလည်းအကျယ်ကြီးပဲ။ ''
'' အဲ အိမ်ထဲဝင်သွားပြီးရင် အသက်ရှင်လျက်ပြန်ထွက်တဲ့လူမရှိဘူးတဲ့လား။အ့ထဲကဘာတွေရှိလို့လည်းမသိဘူး။ Wait, ပြန်ထွက်လာတဲ့လူတစ်ယောက်ရှိတယ်တဲ့။ သူကိုပြီးမှစုံစမ်းရအုံးမယ်။''
''အ့နားမှာနေတဲ့လူ တွေဖြေတဲ့ အင်တာဗျူးတွေကြည့်ကြည့်မယ်။ ညညဆိုရင် ကျီးကန်းအော်သံတွေ ကြားရတယ်တဲ့လား။ ဘယ်လိုကြီးလဲဟာ။ အယ် ပြီးရင် အ့တာကြီးက ဗြိတိသျှတွေလက်ထက်ခတည်းကလား။ နှစ်ပေါင်းတော်တော်ကြာပြီးဟ''
'' ဗြိတိသျှ ဝိဉာဉ် တွေလား။ ဘယ်လိုကြီးလည်း စိတ်ဝင်စားစရာတော့ကောင်းသားပဲ ''
တစ်ယောက်ထဲစကားတွေပြောနေသည်။ ထိုစဉ် လင်းလက်ကျော် ၏ အခန်းနားသို့ ဇီးကွက်တစ်ကောင်လာနားသည်။ ထိုဇီးကွက်ကို လင်းလက်ကျော် သတိမထားမိပါ။ ဇီးကွက်သည် ပုံမှန် ဇီးကွက်တွေထက် ၄ဆလောက်ကြီးသည်။ အရောင်အဆင်းမှာ အဖြူရောင်ဖြစ်သည်။ နှင်းဇီးကွက်ကြီးဖြစ်မည်ထင်သည်။ ပုံမှန်ဆို ထိုသို့သော ဇီးကွက်တွေသည် အပူပိုင်းတွင်မရှိပါ မနေထိုင်ပါ။
YOU ARE READING
Let me be your warrior (complete)
Misterio / Suspenso(unicode only) (myanmar fic) ဒဏ္ဏာရီလာ သတ္တဝါဝာစ်ကောင်နဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့အချစ်ဇာတ်လမ်း။ ဤficသည်စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။မည်သူကိုမှထိခိုက်လိုစိတ်မရှိပါ။