မနက်စောစော ဧည့်ခန်းထဲက Sofa ပေါ်တွင် လင်းလက်ကျော် ထိုင်စောင့်နေပါသည်။ စောင့်ရင်းနဲ့ Tv ကြည့်နေပါသည်။ ခဏအကြာမှာတော့ တံခါးခေါက်သံကြားရသည်။ တံခါးသွားဖွင့်ပေးလိုက်သည်။
'' Hi လင်းလက်ကျော် ''
'' အင်း အကို လာပြီလား။ ကျနော်ခဏနေပဲကျောင်းသွားတော့မလို့ ''
'' သွားသွား။ ငါလိုက်မိပို့တော့ဘူး။ ငါထမင်းချက်ထားလိုက်မယ်။ ''
'' ကျေးဇူးပါ အကို ''
လင်းလက်ကျော် ကျောင်းသွားပြီးနောက် Diva ဟင်းစချက်သည်။ ကိုယ်တိုင်က အဂ်လိပ် ဗမာ ကပြားဆိုပေမဲ့ အဂ်လိပ်အစားအသောက်တွေကိုပိုနှစ်သက်သောကြောင့် Sandwiches ၂ခုပြုလုပ်နေသည်။ ထို့နောက်မှ အာလူးတွေကိုအခွံခွာ လှီးပြီး အားလူးကြော်နေတယ်။
'' ဘာလိုသေးပါလိမ့်။ ဒီလောက်ဆိုရင်တော့သူကြိုက်မှာပါ ''
ကျောင်းဆင်းပြီး အိမ်သို့ လင်းလက်ကျော်ပြန်ရောက်လာသည်။
'' အကို့ ကျနော်ပြန်လာပြီ ''
'' လာလာ လင်းလက်ကျော်။ ငါဘာတွေချက်ထားလဲကြည့်စမ်းပါအုံး။ ကောင်းတယ်မလား။ မင်းကြိုက်မယ် ထင်တာပဲ''
'' ကျနော်ဒါတွေအရမ်းကြိုက်။ ကျေးဇူးပဲအကိုရေ။ ''
'' စားပြီရင် စာလုပ်မယ် အပေါ်တတ်ခဲ့ ''
'' ဟုတ်ကဲ့ဗျ ''
ပျော်ပျော်ရွှင်ရွှင်စားသောက်ပြီး လင်းလက်ကျော်အိမ်ပေါ်ထပ်တတ်သွားပြီး စာကျက်သည်။
........................................................
ဒီလိုနဲ့လတွေတစ်ဖြေးဖြေးကြာလာတဲ့အခါ အခုတော့ လင်းလက်ကျော်ရဲ့ စွမ်းရည်ဖြေရဖို့၁ပတ်ပဲလိုတော့တယ်။ လစဉ်စာမေးပွဲမှာ ၁ ရထားတဲ့ လင်းလက်ကျော်အတွက် မခက်ခဲပေမဲ့ မလွယ်ကူပါ။
'' အခု မြန်မာစာတွေပြီးပြီဆိုရင် သချာ်ပုစ္ဆာ တွေတွက်ထားလိုက် လင်းလက်ကျော်။ ငါမေးခွန်းထုတ်ပေးထားတယ်။ အ့တာတွေကပါနိုင်ခြေရှိတယ်။ အခုက ည ၁၁ထိုးပြီးပြီဆိုတော့က ငါ မင်းစားဖို့တစ်ခုခု သွားလုပ်ပေးမယ် ''

YOU ARE READING
Let me be your warrior (complete)
Mystère / Thriller(unicode only) (myanmar fic) ဒဏ္ဏာရီလာ သတ္တဝါဝာစ်ကောင်နဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့အချစ်ဇာတ်လမ်း။ ဤficသည်စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။မည်သူကိုမှထိခိုက်လိုစိတ်မရှိပါ။