Chapter 12

170 7 0
                                    

လင်းလက်ကျော် အသံလာရာဆီသို့သွားပြီး Mannox ကိုပြေးဖက်မိပါသည်။ ဖက်ပြီး ပုခုံးကိုပုတ်ပေးနေသည်။

'' ခန့်ကျော်.....အခု ခင်ဗျားဘေးမှာ ကျနော်ရှိနေပြီ။ ခဗျားဘာမှ ကြောက်စရာမလိုတော့ဘူး။ ခင်ဗျားကျနော့်ကိုနှင်ရင်တောင် ထွက်သွားမှာမဟုတ်ဘူး''

Mannox ကြောင်သွားသည်။

'' ငါ့ဘဝမှာကယ်တင်မဲ့သူမလိုဘူး။ ငါ့ဘာသာရှင်သန်မယ်။ ''

'' ပါရမီဖြည့်ဘက်တော့လိုတယ်မလား''

တံခါးဝမှ Amberose ၏အသံကိုကြားလိုက်ရသည်။ Mannox သည် လင်းလက်ကျော်၏လက်ကိုဆွဲကာ အပေါ်ဆုံးထပ်သို့တတ်သွားသည်။ Amberose ကိုမကြားချင်ရောင်ဆောင်ပြီး ဥပက္ခာ ပြာကာ ဒုတိယထက်က သူအရောင်ခြယ် ပန်းချီဆွဲနေကျ အခန်းထဲဝင်သွားသည်။

ထိုအခန်းထဲတွင်လင်းလက်ကျော် မြန်မာနိုင်ငံမြေပုံတွေရယ် အာရှတိုက်ပုံတွေရယ်။ အရောင်ခြယ်ထားတဲ့ ပုံတွေရယ်။ အရောင်ခြယ်ထားတဲ့ပုံတွေကလည်း အမဲရောင်ကိုအများအပြားသုံးထားသည်။ အရောင်ခြယ်ထည်ထားတဲ့ပုံအများအပြားထဲမှ ကောင်မလေးပုံတစ်ပုံကလှပနေသည်။ ထိုကောင်မလေးဘေးက အသားဖြူဖြူနဲ့ကောင်လေးက Mannox ဟုထင်ရသည်။

'' ခန့်ကျော် ဒါက ခင်ဗျားနဲ့ဘယ်သူလဲ''

Mannox လက်ခုပ်တီးပြီး.....

'' မင်းသိပ်တော်တယ်။ အ့ကောင်လေးကငါမှန်းမင်းသိသားပဲ။ ငါ့ဘေးက Ophelia ပဲလေ။ ငါ့ရဲ့ရည်းစားဦး ''

လင်းလက်ကျော် ထိုပုံနားကိုသွားပြီးကြည့်လိုက်သည်။ သေချာကြည့်လိုက်တော့ ကောင်မလေးကလည်း အမဲရောင်ကြိုက်သည်ထင်သည်။ အမဲရောင် T shirt နဲ့ဂျင်းဘောင်းဘီအပွကိုဝတ်ထားသည်။ ဆံပင် တိုသည်။ အရပ်ကတော့ Mannox ထက်မဆိုသလောက်ပုသည်။ ထိုကောင်မလေးသည် ပြုံးနေသည်မှာ လွန်စွာချောမောလှပါသည်။

ထိုဓာတ်ပုံနားတွင် Mannox ဖျာတစ်ချပ်ခင်းလိုက်သည်။ သူလည်းပဲထိုပေါ်ထိုင်လိုက်သည်။ လင်းလက်ကျော် Mannox ဘေးသွားထိုင်ပြီး ထိုပုံလေးကိုငေးကြည့်နေမိသည်။

'' အ့တာပဲ ငါ့အချစ်ဦး ငါ့ရည်းစားဦး ငါ့ဘဝအတွက် ဘယ်သူမှအစားထိုးလို့မရတဲ့သူ။ ငါ့အတွက်အရမ်းအရေးပါတယ်။ သူကပဲ ငါ့ကိုချစ်တတ်အောင်သင်ပေးခဲ့တာ။ အခုတော့ သူပဲငါ့ကိုဘယ်သူမှဆက်လက်မချစ်ချင်အောင် လုပ်ပေးလိုက်တာ....''

Let me be your warrior (complete)Where stories live. Discover now