ထိုနေ့က မြူတွေဆိုင်းနေခဲ့သည်။ ရိန်ခန့်ကျော်နှင့်ရာဇာကျော် သူငယ်ချင်းနှစ်ယောက် ပြန်လာမည့်နေ့ဖြစ်သည်။ အပြန်ခါလမ်းတွင် သစ်ပင်တစ်ပင်၌ ချိတ်ထားသောစာကိုရာဇာကျော်အရင်တွေ့သည်။
'' ဟျောင့် ရိန်ခန့်ကျော် လာကြည့်အုံး။ဒါက ဟိုဟာ လင်းလက်ကျော်ပုံမလား''
'' အေးတွေ့တယ်။ လူပြောက်ကြေငြာတဲ့။တောက်စ် ဟိုကောင် Amberose ကိုခေါ်စမ်း''
Diva ပါးစပ်မှဂါထာအနည်းငယ်ရွတ်ဆိုလိုက်ပြီး ခဏအကြာတွင် Amberose ရောက်ရှိလာသည်။
Amberose ရောက်သည်နှင့်တစ်ပြိုင်နက် ရိန်ခန့်ကျော် ငေါက်တော့သည်။
''ေအာက်တန်းစားကောင် Amberose, သစ်ပင်ကိုကြည့်စမ်း။ မင်းပြောတဲ့ကယ်တင်ရှင်ဆို ငါ့ကိုကယ်နိုင်မဲ့ကောင်ဆို အခုတော့လူပြောက်ကြေငြာတဲ့ ငါ့ကိုအမှုပတ်တော့မှာ''
ရာဇာကျော်လည်း ပါဝင်ရျ်ငေါက်သည်။
'' အေးလေ Amberose ရာ, မင်းမသေချာဘဲနဲ့ ရှောတော့မယ်ကွ''
'' ရိန်ခန့်ကျော်, ရာဇာကျော်, ငါတို့ဘယ်လိုလုပ်မလဲ''
ဝမ်းနည်းသံနှင့် Amberose စကားဆိုလာသည်။
'' သူ့ကို ဖြစ်ခဲ့သမျှကိုမေ့ပြစ်အောင်လုပ်လိုက်။ပြီးရင် သူ့အိမ်ရှေ့ကိုပြန်ပို့လိုက်။ သူငါ့တို့ဆီရောပ်နေတာ၂နှစ်လောက်ရှိပေမဲ့ လူ့ပြည်မှာဆိုရင်တော့ ၂လလောက်ပဲရှိအုံးမှာ''
ရာဇာကျော်၏အကြံကို နှစ်ဦးသားလက်ခံမိသည်။ ၃ယောက်အတူတူအိမ်ပြန်ခဲ့သည်။
ကျန်နှစ်ယောက်မှာအခန်းကိုယ်စီသို့ပြန်သွားသော်လည်း Mannox မှာ Sofa ပေါ်တွင်ထိုင်ရျ် စဉ်းစားနေသည်။ အတွေးထဲတွင်
' ငါလင်းလက်ကျော်ဆိုတဲ့ကောင်လေးကိုသူ့အိမ်လိုက်ပို့ရမှာပါတော့လား။ ကယ်တင်ရှင်မဟုတ်ပေမဲ့ အမှတ်တရတွေသိပ်မရှိပေမဲ့ ကြုံတွေခဲ့ရတဲ့အမှတ်တရတွေရှိသေးတာပဲ။ သံယောဇဉ်ဖြစ်နေတာ ထင်တယ်။ ချစ်သူလို သံယောဇဉ်ထက် ဒီတိုင်းသံယောဇဉ်လို့ငါထင်တယ်။ ငါချစ်တာ လည်း Ophelia တစ်ယောက်ပဲ။ Ophelia ကလွဲလို့ ငါစော်မှန်သမျှကိုငြင်းခဲ့တာ။ Ophelia အဆင်ပြေတယ်လို့သိရတော့ ဝမ်းသာပါတယ်။ သူ့ အမ Opheluna တောင်မတွေတာကြာပြီ။ ထားလိုက်ပါတော့ ။ ဟိုကောင်လေးပြန်သွားရင်လည်းငါ့ဘဝက ဒီလိုပဲ မပြန်လည်းဒီလိုပဲ ပုံမှန်အတိုင်း ပဲဆက်ရှိသွားမှာပါ '
YOU ARE READING
Let me be your warrior (complete)
Mystery / Thriller(unicode only) (myanmar fic) ဒဏ္ဏာရီလာ သတ္တဝါဝာစ်ကောင်နဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့အချစ်ဇာတ်လမ်း။ ဤficသည်စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။မည်သူကိုမှထိခိုက်လိုစိတ်မရှိပါ။