amberose, Diva နဲ့ Mannox က ၁ပတ်လောက်တော့ လင်းလက်ကျော်ကိုအလှည့်ကျ စောင့်ကြည့်ရအုံးမည်။ ယနေ့က Mannox နဲ့ Amberose စောင့်ရမည့်နေ့ပင်။
'' ရိန်ခန့်ကျော်... သူ့ရဲ့ time travel ကဘယ်လို့ဖြစ်သွားတာလဲ ''
'' အခု သူ ၉တန်းကျောင်းသား အဖြစ်ပဲရှိသေးတယ်။ သူငါတို့ကိုမေ့သွားမှပါ။ သူ့မိဘတွေနဲ့ လည်း သူခွဲပြီးငါတို့ရှိတဲ့မြို့ကိုလာမှမဟုတ်ပါဘူး။ အနာဂါတ်ကိုပါ ငါတို့ကြိုတားခဲ့ပါတယ်။ သူအဆင်ပြေမှာပါ...''
'' မင်းလုပ်ရက်တယ်နော်...ဟိုကလေးကဖြင့်မင်းကိုကြိုက်နေတာကို...''
'' အ့လောက်ဖြစ်နေရင် မင်းသူ့ကိုယူလိုက်လေ''
ရိန်ခန့်ကျော် ရဲ့စကားကြောင့် Amberose လက်မြှောက်မိသည်။ သူတို့စကားပြောနေစဉ် လင်းလက်ကျော် မီးဖိုခန်းထဲဝင်သွားသည်။ သူ့မိဘတွေနဲ့ မနက်စာစားနေသည်။ ထိုသည်ကို ရိန်ခန့်ကျော်နှင့် မင်းကိယ သေချာမြင်နေရသည်။
သို့သော် လင်းလက်ကျော်ကတော့သူတို့ကိုမမြင်ရပါ။ ထုံးစံတိုင်းမနက်စာ စားပြီးကျောင်းသွားဖို့ပြင်ဆင်နေခဲ့သည်။ အရာရာဟာ သူလိုလိုလည်ပတ်နေခဲ့သည်။ အလှည့်ကျစောင့်ပေးရင်းနှင့် ၁ပတ်ဟာပြည့်သွားခဲ့သည်။
သူတို့၃ယောက်လည်းကိုယ့်အိမ် ကိုယ့်ယာ သို့ပြန်ခဲ့ကြသည်။
အရာရာဟာ ပုံမှန်အတိုင်းရှိနေခဲ့သည်။ အချိန်ကြာချိန်မှာ ၄, ၅ နှစ်လောက်တောင်ရှိရောပေါ့။
တစ်နေ့တွင် Lanai က Mannox ကိုခွင့်တောင်းသည်။
'' Master သမီး Leoric နဲ့သွားတွေ့ချင်တယ်။ ခွင့်ပြုပေးပါ''
'' ငါကတော့စိတ်မချဘူး။ ငါလိုက်ခဲ့မယ်''
'' မင်းလိုက်ရင်ငါလည်းလိုက်မှာ ''
Diva က လှေကားနားမှလှမ်းအော်သည်။ ထိုအခါ Mannox ဆုံးဖြတ်ချက်ပြောင်းလိုက်သည်။
'' တစ်ယောက်ထဲ ပဲသွားပါတော့ ခန့်ခန့်။ ရိက္ခာယူသွား။ ငွေသားလည်းယူသွား..''
''ဒါမှ ငါ့အကိုကွ...''
Lanai အခန်းထဲသို့ပြေးသွားသည်။ အဝတ်ထုပ်လေးထဲတွင် အဝတ်တွေ, မုန့်တွေ ရိက္ခာတွေထည့်ပြီး သေသေချာချာ ထုပ်ပိုးလိုက်သည်။ ဆွဲကြိုးတစ်ကုံးကိုလည်းဆွဲလိုက်သည်။ ထိုစဉ် Diva က တံခါးခေါက်ပြီး အခန်းထဲသို့ဝင်လာသည်။

YOU ARE READING
Let me be your warrior (complete)
Gizem / Gerilim(unicode only) (myanmar fic) ဒဏ္ဏာရီလာ သတ္တဝါဝာစ်ကောင်နဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့အချစ်ဇာတ်လမ်း။ ဤficသည်စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။မည်သူကိုမှထိခိုက်လိုစိတ်မရှိပါ။