Chapter 14

147 6 0
                                    

မနက်ခင်း၃နာရီတွင် Mannox အိပ်ယာထက်မှနိုးထလာပါသည်။ Diva အိပ်နေအုံးမည်ဆိုတာသူသိသည်။ ပုံမှန်အတိုင်း နိုးနိုးချင်း ရေချိုးသည်။ အိပ်ရာဘေးမှာ အဆင်သင့်ချထားသော အင်္ကျီ အနက်နှင့် Style pant နက်ပြာကိုဝတ်ဆင်လိုက်သည်။ ခတ္တအကြာတွင် Mannox သိမ်းငှက်တစ်ကောင်အသွင်ပြောင်းကာ အိမ်နောက်ဖေးက သစ်ပင်ကြီးဆီပျံသန်းသွားသည်။ ထိုသစ်ပင်ပေါ်တွင် အိပ်နေသော Diva ကိုနှိုးသည်။

'' ရာဇာ​ကျော် Wake up!!!. We need to go. ''

'' ေ-ာက်ကောင်လာနှိုးပြန်ပြီ။ လာမယ်။ အောက်ထပ်ကစောင့်နေ''

''Master လို့ခေါ် ဇီးကွက်မသား''

'' Alright master ''

ငြိုးငယ်သော မျက်နှာဖြင့်စကားပြောသော Diva ကိုကြည့်ရျ် Mannox ပြုံးရျ် ထိုနေရာမှလှည့်ထွက်ခဲ့ရပြန်သည်။ ထိုနေရာမှ အိမ်၏ဧည့်ခန်းထဲသို့ ဝင်လာသည်။ ယခုမှ မနက်၃နာရီခွဲရှိသေးသော်လည်း Kitchen ထဲတွင် အသားကင်နေသော လင်းလက်ကျော်ကိုတွေ့ရသည်။

'' လင်းလက်ကျော်......မင်းဘာလုပ်နေတာလဲ''

သာမာန်မေးလိုက်သော်လည်း လင်းလက်ကျော်တုန်လှုပ်သွားသည်။ ထို့နောက်မှ သွားလေးဖြီးကာ

'' ကျွန်တော်လည်း ခန့်ကျော် တို့နဲ့လိုက်ချင်တယ်လေ။ အ့တာမလို့လမ်းကျရင်စားဖို့အသားကင်နေတာ ''

'' မင်းကိုဘယ်သူခေါ်မှာမလို့လဲ ''

'' Diva ကလိုက်ခဲ့တဲ့ ''

''ရှီးးးးးးး''

ထိုအဖြစ်အပျက်ကိုထိုနေရာ၌ထားခဲ့ကာ ဧည့်ခန်းနားမှ ဘုရားခန်းထဲဝင်သွားသည်။ ထိုထဲတွင်ရှိသော ကျောက်စိမ်း ဘုရားဆင်းတုအား နှင်းဆီပန်း ၁၆ပွင့်ကပ်သည်။ ကံ​ေကာ်ပန်း ၂ပွင့်လည်းကပ်ခဲ့သည်။ ထို့နောက် ဘုရားအား ဦးသုံးကြိမ်ချလိုက်သည်။ လောက၌ Mannox ကြိုက်သော နံပါတ်နှစ်မျိုးရှိသည်။ ထိုနံပါတ်များမှား ''2'' နဲ့ ''16'' တို့ဖြစ်သည်။

အဆင်သင့်ဖြစ်နေသော လင်းလက်ကျော်ကိုခေါ်ရန်လည်းသူစဉ်းစားမိသေးပါသည်။ မနက်၅နာရီ နေမထွက်ခင်မှာ အတောင်ပံတွေကိုသိမ်းဆည်းကာ သူ့ကိုအိမ်ရှေ့မှာစောင့်နေသော Diva နှင့်အတူ ခရီးစထွက်သည်။

Let me be your warrior (complete)Where stories live. Discover now