Chapter 8

67 9 0
                                    

လင်းလက်ကျော် ဧည့်ခန်းထဲတွင်ထိုင်နေစဉ် လှေကားထပ်မှ သတ္တဝါ တစ်ကောင် ဆင်းလာခဲ့သည်။ ထိုသတ္တဝါ ဆိုသည်ကားမည်သူနည်း။ ထိုသတ္တဝါကိုမြင်မြင်ချင်း လင်းလက်ကျော် လက်ဖြင့်ပါးစပ်ကိုအုပ်ကာ ကြက်သေသေ သွားခဲ့သည်။

အမဲရောင်ဝတ်ရုံကိုခြုံထားသော အရပ်မှာ၁၂ပေခန့်ဟုထင်ရသည်။ အသားမှာ အလယ်အလတ်မျှသာ ဖြူသည်ဟုတော့ ပြောလို့ရသည်။ အတောင်ပံတစ်စုံ သူမှာရှိသည်။ သစ်ခေါက်ရောင် အတောင်ပံတစ်စုံမှာ လွန်စွာကြီးမားလှသည်။ ကာယကံရှင်၏ ခန္ဓာကိုယ် တစ်ခုလုံးကိုဖုံးအုပ်နိုင်သည်အထိ ကြီးမားလှသည်။

မျက်လုံးမှာမဲနက်သော မျက်ဆံများရှိသည်။  မျက်ရစ် ပါသည်။ မဲနက်နေသည့်မျက်ခုံးမွေးနှင့် ဆံနွယ်များရှိသည်။ ဆံပင်တိုတို အမဲရောင်မှာ ထိုသတ္တဝါနှင့်လိုက်ဖက်သည်။ Style pant အမဲရောင်ထဲတွင် ခဲရောင် T shirt ထည့်ဝတ်ထားသည်မှာ အလွန်ပင် လိုက်ဖက်လှသည်။

ထူးခြားသည့်တစ်စုံတစ်ရာမှာ ခေါင်း၌ဖြစ်သည်။ ထိုသတ္တဝါ ၏ခေါင်းပေါ်တွင် နှစ်ထွာခန့်ရှည်သောဂျိုကောက်ကြီးတစ်ခုရှိသည်။ အညိုရောင်ဂျိုကောက်ကြီးများသည် ထိုသတ္တဝါ၏ ချောမောမှုကိုဖျက်ဆီးနေသည်ဟုလင်းလက်ကျော်တွေးမိပါသည်။ တစ်ဖြည်းဖြည်းနဲ့ လှေကာပေါ်ကနေဆင်းလာပြီး အတောင်ပံတစ်စုံ ပျောက်ကွယ်သွားကာ အရပ်၆ပေကျော်ခန့်ရှိသောကောင်လေးတစ်ယောက်အသွင်ပြောင်းသွားပါသည်။

'' အိမ်ပြန်ချင်ပီလား လင်းလက်ကျော်''

Diva ၏အမေးစကားသည် ကြောင်တောင်တောင် ဖြစ်နေသည့် လင်းလက်ကျော်ကို သတိကပ်သွားစေပါသည်။

'' မပြန်ချင်ပါဘူး သူကိုတွေ့ပြီးတော့ပိုတောင်မပြန်ချင်ဘူး''

ထိုသတ္တဝါသည် လင်းလက်ကျော်နားတစ်ဖြေးဖြေး ကပ်လာပါသည်။ လင်းလက်ကျော်တံတွေးမြိုချကာ စိတ်ကိုတည်ငြိမ်အောင် တက်နိုင်သမျှ နေပါသည်။

'' Welcome to Our Lennox's house''

ထိုကြည်လင်ပြတ်သားနေသောအသံသည် ထိုသတ္တဝါ၏အသံဖြစ်သည်။ လင်းလက်ကျော် အိမ်နာမည်ကိုကြားပြီး ကြောင်သွားသည်။

Let me be your warrior (complete)Where stories live. Discover now