Chapter 3

376 19 0
                                    

ညမှာ ဟုတ်တယ် အတိအကျညမှာ......
ဦးလေးကြီးဟုထင်ရသူသည် လင်းလက်ကျော်အကြောင်းကို ​ကောင်းကင်ပေါ်က ကြယ်တွေကိုကြည့်ရင်း စဥ်းစားနေတယ်။

အိမ်လေးရဲ့အပေါ်ထပ် အခန်းငယ်လေးထဲက ဦးလေးကြီးက တစ်ခုခုကိုနိမိတ်ဖတ်လိုက်သလိုပဲ။

'' ဝေယံထက်မှာကြယ်စင် တွေရှိမယ်။ မပေါ်တာကြာပြီဖြစ်တဲ့ ၁၆တန်းကြယ်စင် ကြီးပေါ်လာပြီ။ ၉တန်းမြောက် ကြယ်တန်းကြီးရဲ့ ဘေးမှာ ၇တန်းထပ်တိုးလာပြီ။ ေသချာတယ် ဟိုသတ္တဝါကို ကယ်တင်မဲ့ လူပေါ်လာပြီဆိုတဲ့သဘောပဲ။ သတ္တဝါကြီးရေ... မင်းနဲ့ငါ ပြန်ဆုံရအုံးမှာပါကွာ။ သတိရတယ်ကွာ ''

ကောင်းကင်ကြီးကိုကြည့်ပြီးနောက်ထက် စကားတွေထပ်ဆိုတယ်။ဒီတစ်ခါတော့မျက်ရည်တွေနဲ့ပေါ့။

'' ၉တန်းမြောက် ကြယ်စင်တန်းကြားထဲမှာ ၇တန်းကြယ်စင်တန်းဝင်ပြီ ဝေယံတစ်ခွင်မှာ ကြယ်စင်တွေတောက်ပ ရမယ်။ ဒီနေ့က ကောင်းကင်ယံအတောက်ပဆုံးဖြစ်တယ်။ ဒီကမ္ဘာမှာ ဖြစ်နေတဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ သတ္တဝါ ကြီးကလည်း အင်အားတွေပြည့်နေတော့မှာဖြစ်တယ်။ ''

စည်းချက်အလိုက် တောင်ဝှေးကို ရိုက်ပြီး အားအင်အပြည့်နဲ့ ဒီစကားကိုဆိုလိုက်သည်။ ဦးလေးကြီးသည် မျက်ရည်များကျလာသည်။ မျက်ရည်များသည် သူများတွေလို အကြည်မဟုတ်ပါဘဲ နီလာရောင် ဖြစ်နေသည်။

ကောင်းကင်ကြီးကိုကြည့်ပြီး​နောက် ကုတင်နားသို့သွားပြီး ကုတင်ပေါ်အသာလေးလှဲလိုက်သည်။ ကောင်လေး ကိုဘာပြန်ပြောရမလဲ စဉ်းစားနေရပြန်သည်။

'' အိမ်း........ အ့ကောင်လေးပဲ ထိုသတ္တဝါကို ကယ်တင်နိုင်မှာ။ မနက်ဖန်ခါ ဟိုကောင်လေးကို ငါအကုန်ပြောပြသင့်လား။ ငါ သူ့ကိုသွားမေးရမယ်။ ဟုတ်တယ် မေးမှရမယ် ''

အိပ်ယာဘေးက တောင်ဝှေးကိုယူပြီး ​ခြေထောက်နှစ်ဖက်ကိုရိုက်လိုက်သည်။

'' အင်းလမ်းလျှောက်လို့ရပြီ။ ''

တောင်ဝှေးနှင့် အိမ်ခေါင်မိုး ပေါ် သို့ ၂ချက်ရိုက်လိုက်သည်။ ပါးစပ်မှလည်း ဂါထာတွေကိုတီးတိုးရွတ်ဆို​နေသည်။

Let me be your warrior (complete)Where stories live. Discover now