လင်းလက်ကျော် Mannox ဆီမှထွက်သွားသည်။ ထိုမှ သူသည် Diva ဆီသို့ပြေးသွားသည်။ သူသိချင်သည်များ သူမေးလိုသည်များကိုဖြေနိုင်မယ့်သူသည်ယခုချိန်တွင် Diva မှလွဲရျ်မည်သူရှိနိုင်မည်နည်း။
ထိုကိစ္စကို Diva ကြိုသိနေပြီးသားပါ။ သူသည် အေမီစျာန် မဟုတ်သော်လည်း ထိုကိစ္စဖြစ်လာမည်ကို အစောကတည်းကသိသည်။
Diva ဧည့်ခန်းထဲမှာထိုင်ရင်း လင်းလက်ကျော်ကိုစောင့်နေသည်။ လင်းလက်ကျော် ေကြာင်လိမ်လှေကားမှတစ်ဆင့် Diva ဆီသို့ပြေးလာသည်။
'' အကို..........''
''......''
မောပန်းနေသည့်အသံဖြင့် ပြောလာကို လင်းလက်ကျော်ကို Diva လှည့်ကြည့်သည်။ ထို့နောက် လင်းလက်ကျော်သည် Diva ဘေးကိုလာထိုင်သည်။
'' အကို...... ကျနော်....... ခန့်ကျော်....ကမကောင်းဆိုးဝါးလား''
''အ့ကိစ္စကိုမင်းမေးမယ်ဆိုတာငါကြိုသိပြီးသားပါကွာ။ ငါအခု ဖြေပေးတော့မှာမလို့ သေချာနားထောင်တော့......''
*** *** ***
အ့နေ့က လေတွေတိုက်နေခဲ့တယ်။ မုန်တိုင်းတိုက်နေတဲ့နေ့မှာ ဒေါ်မိမိုး ဆိုတဲ့ မ်ိန်းမကြီးတစ်ယောက်က Mannox ကိုမွေးဖွားခဲ့တယ်။ အ့ချိန်မှာ မုန်တိုင်းတိုက်နေတဲ့နေ့မလို့ လေတွေက တိုက်လွန်းလို့ သစ်ပင် ၁၆ပင်လဲတယ်။ အ့ကလေးမွေးတဲ့နေ့မှာ မုန်တိုင်းတိုက်လို့ဆိုရင် အ့ကလေးက ဉာဏ်ကောင်းမယ် ထက်မြတ်မယ် ဒါပေမဲ့ အ့ကလေးက လူတွေကိုဖျက်ဆီးလိမ့်မယ်လို့ ရှေးလူကြီးတွေကဆိုတယ်။Mannox ကိုသူ့အမေနဲ့အဖေက ရိန်ခန့်ကျော် ဆိုပြီးနာမည်ပေးခဲ့တယ်။ Mannox က ပထမတန်းတုန်းကစာသိပ်မတော်ဘူး။ ဒုတိယတန်းရောက်တော့သူက တစ်ကျောင်းလုံးမှာ အဆင့်၄ ရတယ်လေ။ အ့ဒီချိန်ထိသူစာမလုပ်ချင်သေးဘူး။ ၃တန်းနှစ်က ဆိုရင် သူအမှတ် A ဆိုတာကိုမရလောက်အောင်ထိညံ့တယ်။ သူ၃တန်းပြီးသွားတဲ့ နှစ်မှာပဲ နိုင်ငံရေးအခြေအနေတွေက မကောင်းတော့ဘူး။ အ့တော့သူက အတန်းကို ၂နှစ်မတတ်လိုက်ရဘူး။ ပြီးတော့သူကအပေါင်းအသင်းသိပ်မရှိဘူး သူ့ကျောင်းကို စတုတ္ထတန်းစတတ်တုန်းက သူစာအရမ်းကြိုးစားတယ်။ သူအ့ချိန်ကစပြီးစာလုပ်လာလိုက်တာ သူအတန်းတိုင်း ပထမရတယ်။နိုင်ငံတကာ သချာ်စာမေးပွဲတွေမှာလဲ ထိပ်ဆုံးကအမြဲတမ်းပထမ။ သူ့ဘဝမှာ အမြဲတမ်း ပထမပဲရတယ်လို့တော့ဘယ်ဟုတ်မလဲ။ သူ ပထမတန်း ဒုတိယတန်း တတိယတန်း သုံးနှစ်လုံးတော့သူ စာမလုပ်ခဲ့လို့ သူ အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတာပေါ့။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရမယ် ဆိုတာက ရိန်ခန့်ကျော်ရဲ့လက်သုံးစကား။
![](https://img.wattpad.com/cover/370038605-288-k99886.jpg)
YOU ARE READING
Let me be your warrior (complete)
Mystery / Thriller(unicode only) (myanmar fic) ဒဏ္ဏာရီလာ သတ္တဝါဝာစ်ကောင်နဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့အချစ်ဇာတ်လမ်း။ ဤficသည်စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။မည်သူကိုမှထိခိုက်လိုစိတ်မရှိပါ။