Chapter 9

211 11 0
                                    

ညနေစောင်းခါနီးတွင် Diva နှင့် Mannox ဒုတိယထပ်မှာရှိတဲ့ သစ်ရွက်တွေရယ် ထိုင်ခုံတွေနဲ့ Nature Peace အခန်းလို့ အမည်ရတဲ့အခန်းထဲမှာစကားပြောနေကြပါသည်။

'' Diva, မင်းဘာလို့ ဟိုကောင်လေးကိုခေါ်လာတာလဲ ''

'' Master, အဲ့တာ....... သူကဒီအိမ်ကြီးကိုစိတ်ဝင်စားတယ်။ သူငယ်ငယ်ကတည်းကဒီကိုလာချင်ခဲ့တာ။ သူကဒီအိမ်ထဲမှာ သူပျော်မယ်ထင်တယ်။ Master နဲ့လည်းအဆင်ပြေတာပဲလေ''

'' Diva မင်းဘာတွေလျှောက်လုပ်နေတာလဲ။ စောက်မှတ်မရှိဘူးလား''

'' Master ကျနော် အမှတ်ရှိပါတယ်ဗျ။ အ့ကောင်လေးကယုံရတယ်ဗျာ။ ကျနော်မဟုတ်တာမလုပ် ''

'' ထားလိုက်တော့ စောက်ပေါဇီးကွက်ရာ ''

'' အဲ့ဒီစကားကို Master ဘယ်ကနေ တတ်လာတာလဲ ''

'' lanai သင်ပေးတာ>> ဟိုကောင်လေးကိုငါအခန်း​ေတွလိုက်ပြပေးမလို့လစ်ပြီ ''

'' Alright, Master 💙''

ပြောပြောဆိုဆိုဖြင့် Mannox လင်းလက်ကျော်အခန်းသို့သွားပါသည်။ တံခါးမခေါက်သည်အတော်ကြာသည်အထိစဉ်းစားနေမိပါသည်။ ထိုကောင်လေးက ငါ့ဆီဘာလို့လာတာလဲ။ပြီးမှတံခါးခေါက်လိုက်သည်။

''ဟာ....... အကို Nox ''

အံ့အားသင့်စွာ ကြောင်ကြည့်နေသော ကောင်လေးကိုမြင်ရသည်။ နှစ်ဦးသားသည် တစ်ဦးနှင့်နစ်ဦးငေးကြည့်နေမိသည်။ သို့ရာတွင် ခဏအကြာမှ Mannox သတိဝင်လာမိပါသည်။

'' အင်း...... မင်းကိုလာခေါ်တာလေ အိမ်နောက်ဘက်တွေလိုက်ပြမလို့လေ ''

'' ဟုတ် ကျနော်လိုက်ခဲ့ပါမယ်''

သူတို့တွေ လှေကားကြီးကနေပြီးတော့ အပေါ်ထပ်ကိုတတ်သွားကြသည်။ ပထမဆုံးမြင်လိုက်ရတာကတော့ တောင်ဘက်မှာအခန်းနှစ်ခုရှိပြီး မြောက်ဘက်မှာ တော့ဝန်ရံတာကြီးတစ်ခုရှိသည်။

'' ဒီဘက်ကအခန်းက ငါ့အခန်း။ ဟိုဘက်က ငါ့အရင်က....... ''

စကားပြောရင်းတိတ်ဆိတ်သွားသော်လည်း ထိုသူသည် စကားပြန်ပြောပါသည်။

'' ငါ့ဆေးကျောင်းသားဘဝတုန်းက စာလုပ်ပြီး ခွဲစိတ်တဲ့အခန်း။ ဆာဂျရီအခန်းလို့လည်းသိထားလို့ရတယ် ''

Let me be your warrior (complete)Where stories live. Discover now