လင်းလက်ကျော် မနက်ခင်းနိုးလာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က June 20ရက်တဲ့လား။ ဒီနေ့ဘာနေ့ထူးနေ့မြတ်မလို့လည်းတော့မသိပါ။ Mannox ကိုကြည့်ရတာ မိုးလင်စခတည်းကစိန်မကြည်ပါ။ တောက်တစ်ချက်ကြီးတစ်ချက်ခေါက်နေသည်။ တစ်ခါတစ်လေလည်း အရူးကြီးတစ်ယောက်လို ခေါင်းငုံ့ပြီး ပြုံးနေမိသည်။
Sofa ပေါ်မှာခြေဆန့်လက်ဆန့်လှဲနေပြီး မျက်နှာကျက်ကိုငေးကာ အခုတွင်လည်း ဘာတွေတွေးနေမှန်း ကာယကံရှင်က လွဲပြီးမည်သူသိနိုင်မည်နည်း။ Diva နှင့် Lanai သည်လည်းမလှုပ်ရဲပါ။ Amberose ကတော့ မြို့ထဲမှာမလို့ အဆင်ပြေနေသည်။
လင်းလက်ကျော်သည် လှေကားပေါ်တွင်ထိုင်နေသော Lanai ဘေးတွင်သွားထိုင်သည်။ Diva သည်လည်း Mannox ရဲ့မျက်နှာချင်းဆိုင် ထိုင်ခုံမှာကျောက်ရုပ်အလားထိုင်နေသည်။
'' Lanai......... ခန့်ကျော်က ဘာဖြစ်နေတာလဲ..... သူကြည့်ရတာ တစ်ခုခုကို စိတ်ဆိုးနေသလိုလိုပဲ.....ပြီးတော့တစ်ခုခုကိုလွမ်းနေသလိုပဲ..''
နားရွက် နားသို့ တိုးတိုးလေးကပ်ပြောလာသော လင်းလက်ကျော်ကို Lanai ကြည့်ပြီး တိတ်တခိုးရယ်မိပါသည်။
'' master က ဒီနေ့ကသူ့အတွက်အရေးကြီးတဲ့နေ့လေ....နင်ရောက်တာ ဒါနဲ့၃လကေျာ်ပြီနော်.... သူ့အတွက်တော့အရမ်းအရေးပါတဲ့နေ့လိုပဲငါကသိထားတာ..... အတိအကျကိုတော့ Diva ပဲသိတာ.... အကို Amber တောင်မသိဘူး...''
'' ဟမ်.....''
Mannox ထိုနေရာမှထလိုက်သည်။ Divaလည်းသူနှင့်အတူလိုက်ထမိသည်။ Mannox သည် လှေကားပေါ်၌ထိုင်နေသော Lanai နှင့် လင်းလက်ကျော် ကိုဖြတ်ကျော်ပြီးတော့.... သူအရင်က သူလေးစားရတဲ့လူတွေရဲ့ ဓာတ်ပုံတွေရှိတဲ့အခန်း ထဲကို ဝင်သွားသည်။ Diva လည်းနောက်မှပြေးလိုက်သွားပြီးထို Photo Gallery ဆိုတဲ့အခန်းထဲပြေးဝင်သွားသည်။
'' MANNOX!!! ''
'' ဘာလဲ.......''
ထိုအခန်းထဲက သားမွှေးကော်ဇော်ပေါ်၌ထိုင်ကာ ဘေး၌ရှိသော ခြေင်္သ့ ရုပ်ထုကြီးကိုမှီပြီး နို့နှစ်ရောင် နံရံပေါ်က ဓာတ်ပုံတစ်ခုကို ငေးကြည့်နေသည့် Mannox...... ။ထိုအခန်းထဲရှိ ရုပ်ထု ၄ခုအနက် Mannox သည် ခြေင်္သ့ရုပ်ထုကြီးကိုသဘောအကျဆုံးဖြစ်သည်။
YOU ARE READING
Let me be your warrior (complete)
Mystery / Thriller(unicode only) (myanmar fic) ဒဏ္ဏာရီလာ သတ္တဝါဝာစ်ကောင်နဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့အချစ်ဇာတ်လမ်း။ ဤficသည်စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။မည်သူကိုမှထိခိုက်လိုစိတ်မရှိပါ။