Part-20

23 1 0
                                    

နေ့တွေလည်းတစ်ဖြေးဖြေးနဲ့ပြောင်းသွားရင်း တစ်နေ့တော့ ငါမင်းကိုမေ့နိုင်မှာပါ.....

ဒီနေ့က အိမ်ကြီးကခြောက်ကပ်နေမိသည်။ Lanai ကလည်းပြန်မရောက်သေး။ Diva နှင့် Mannox နှစ်ဦးထဲသာရှိသည်။ Mannox က အခန်းထဲတွင်အိပ်နေပြီး... Diva တံခါး လာခေါက်မှသာနိုးသည်။

'' ဟျောင့် ထတော့ဟ။ မနက်ခင်း၇နာရီရှိနေပြီ။ ငါဟင်းချက်ပြီးပြီ''

'' အင်း...''

အိပ်ချင်မူးတူး အသံဖြင့် ထလိုက်ပြီး ရေချိုးခန်းထဲပြေးဝင်သွားသည်။ Diva ကတော့ မီးဖိုခန်းထဲမှာစောင့်ရင်းနဲ့ပင်....

Lanai လည်း သူ့ဘဝနဲ့သူ ဖြစ်နေပြီ။ အရာအားလုံးပုံမှန်ပါဖြစ်နေခဲ့သည်။ အားလုံးဟာ သူ့ဘဝနှင့်သူ....

ဒါပေမဲ့ ဒီနေ့မှာ အိမ်ရှေ့တံခါးကနေ Lanai ဘုန်းခနဲဖွင့်ပြီးရောက်လာသည်။ ကြည့်လိုက်တော့ အဝတ်တွေဖုန်တွေပေနေပြီးတော့ ဒူးမှာ ဒဏ်ရာရထားသည်။

Mannox က အပြေးသွားပြီး...

''Lanai ဘာဖြစ်တာလဲ''

'' တောင်စဉ် ၂ဆက်မြောက်က ကောင်မ ကလုပ်လိုက်တာ''

Mannox မျက်လုံး ေတွမီးတောက်သွားသည်။

''ဟျောင့်... Amberose မင်းသူ့ကိုဆေးထည့်ပေးလိုက်။ Diva က ငါနဲ့လိုက်ခဲ့''

Mannox က အရင်ကပုံစံ ဂျိုကောက်ကြီးနှစ်ခုရယ် အတောင်ပဲအကြီးကြီးတစ်စုံရယ် အမဲရောင်ဝတ်ရုံကြီးနှင့်အတူ မျက်ဆံများမှာ နီရဲလျက်...

Diva က နှင်းဇီးကွက် မျိုးနွယ်ဖြစ်တာမလို့ တကိုယ်လုံးအဖြူရောင်ဖြစ်သွားသည်။ အဖြူရောင်တောင်ပံ များနှင့်လည်း တင့်တယ်လှသည်။

Mannox က သူကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းကိုသူကိုယ်တိုင်ပဲဖောက်ဖျက်လိုက်သည်။ တောင်ပံများဖြင့် တိမ်တွေကိုထိုးဖောက်... တောင်တွေကိုကျော်ရင်း Lanai ပြောပြတဲ့ ၂ဆက်မြောက် တောင်စဉ် ကိုရောက်သွားသည်။

သူတို့နှစ်ယောက်ထိုတောင်မှာရောက်နေတုန်း သတ္တဝါ  တိုင်းက သူတို့ကိုအရိုအသေပေးကြသည်။ တောင်ရဲ့ထိပ်ကိုရောက်တော့ အမျိုးသမီးတစ်ယောက်ကထွက်လာတယ်။

Let me be your warrior (complete)Where stories live. Discover now