Chapter 1

940 23 0
                                    

ဆောင်းအကုန်နွေအကူး March လ လယ်တွင် ရာသီဥတုမှာ မိုးအုံ့အုံ့ နှင့် ဆွေးချင်စရာကောင်းလှသည်။ ဆွေးချစ်စရာကောင်းလှသည့် ရာသီဥတုနှင့်လိုက်အောင် ကောင်ငယ်လေးတစ်ယောက်သည် ထပ်ခိုးခန်းလေးကို ဖုန်သုတ်ရင်း အဆွေးသီချင်းတစ်ပုဒ် ဖွင့်ကာ သီချင်းညည်းနေလေသည်။ ကျောင်းတွေပိတ်ပြီလေ အထက်တန်းရောက်တော့မှာဆိုတော့ မြို့ပြောင်းရတော့မည့်အကြောင်းကိုတွေးမိပြီး သူ စိတ်မကောင်းပါ။ သူဆိုသည်ကား မည်သူနည်း။ သူဆိုသည်ကား 'လင်းလက်ကျော်' ။

ဖုန်သုတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဒုတိယထပ်က အခန်းထဲတွင် ဝင်နားနေလိုက်သည်။ တံခါးလာခေါက်သံ မကြားခင်ထိပေါ့။

* ဒေါက် ဒေါက် *

တံခါးသံနှစ်ချက်ခေါက်သံကြားခတည်းက အမေဖြစ်သူမှန်းသိသည်မလို့ တံခါးသွားဖွင့်ပေးလိုက်သည်။

'' သားရေ အမေတို့ ဒီနေ့ညနေ မြို့ပြောင်းမယ်လေ။ အခု အိတ်တွေထုတ်ထားတော့ ''

'' ကျနော်အခုမှ ထပ်ခိုးရှင်းပြီး.....''

'' လူကြီးကိုပြန်မပြောနဲ့ ''

တံခါးပိတ်ပြီး ထွက်သွားသည့် အမေ။ အခန်းထဲမှာ ပျင်းတိပျင်းရွဲ ဘီဒို နားမှာ ထိုင်ပြီး အကျီလေးတွေထုတ် အိတ်ထဲထည့် နှင့် ပြန်ရျ်အလုပ်ရှုပ်နေပြန်သည်။ ၁နာရီလောက်ကြာအောင် အထုတ်တွေအကုန်ထုတ်ပြီး ပစ္စည်းတွေအကုန် ကားပေါ်တင်ထားသည်။ သားမိသားဖ ၃ယောက်ဆိုပေမဲ့ အိမ်ပြောင်းတာဆိုတော့ ပစ္စည်း ပစ္စယာ တွေမှာ အလွန်များလှသည်။
ညနေ ၃နာရီလောက်ရောက်တော့ အခြားမြို့သို့ ကားစထွက်နှင့်ပြီလေ။

'' အဖေ ကျနော်အရင်မောင်းရမလား ''

'' ငါအရင်မောင်းမယ်။ မင်းနောက်ခန်းမှာနေ ''

စကားပြန်မပြောဘဲ နောက်ခန်းထဲ ဝင်ပြီး ထိုင်နေလိုက်သည်။ Totebag ထဲပါလာတဲ့ laptop ကိုထုတ်ပြီး နေထိုင်ရမည့် မြို့အကြောင်းကို ရှာဖွေနေသည်။

မြို့ကတော့ တော်တော်ကြီးလှသည်။ ထွေထွေထူးထူး ထင်ထင်ရှားရှားသိပ်မရှိပေမဲ့ အဆင်ပြေသည့်ဟု ထင်ရသည်။ မြို့သမိုင်း ကို ဆက်ပြီးရှာဖွေကြည့်တော့ မြို့နှင့်မလှမ်းမကမ်းတွင် လူမနေတဲ့ အ်ိမ်ကြီး တစ်အိမ်ရှိတယ်လို့သိရပါသည်။ ထိုအိမ်ကြီးနှင့် လင်းလက်ကျော်တို့ နေမည့် အိမ်နှင့် 5km လောက်တော့ဝေးသည်။ မြို့အနေအထားနဲ့ဆို မနီးမဝေး သွားရန် မလွယ်ကူ မခက်ခဲ သည့်အနေအထားမှာရှိသည်။ ထိုအိမ်ကို နောက်မှ စုံစမ်းဖို့ဆုံးဖြတ်လိုက်သည်။

Let me be your warrior (complete)Where stories live. Discover now