Chapter 4

105 8 0
                                    

မနက်ခင်း၅နာရီကျော်ကျော်မှာ လင်းလက်ကျော်နိုးလာခဲ့သည်။ နာရီကိုကြည့်လိုက်တော့ မနက်၅နာရီ၁၀မိနစ်အတိပင်။ ရေချိုးရန် ရေချိုးခန်းထဲဝင်သွားသည်။ ထို့နောက် အကျီအဖြူနှင့်ဘောင်းဘီအညိုကိုဝတ်ဆင်ကာ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးလိမ်းပြင်ဆင်သည်။

အကုန်ပြင်ဆင်ပြီးလို့နာရီကိုကြည့်တော့ ၆နာရီထိုးဖို့၁၀မိနစ်လိုသေးသည်။ ဦးလေးကြီး အိမ်ကိုသွားဖို့အတွက် စက်ဘီးထုတ်ပြီးသွားတော့မည်။ မီးဖိုချောင်ထဲက ပေါင်းမုန့်တစ်ချပ်ကို ကိုက်ပြီး ဦးလေးကြီးအိမ်သို့ စက်ဘီးနင်းသွားသည်။

ဦးလေးကြီးအိမ်ရောက်တော့ ဒီတစ်ခါတံခါးမခေါက်တော့ပေ။ အသင့်ဖွင့်ထားသော တံခါးမှတစ်ဆင့်အိမ်ထဲသို့ဝင်ခဲ့သည်။ ဦးလေးကြီးက Wheel chair ပေါ်ကနေအသင့်စောင့်နှင့်နေတယ်။

'' အဲဒီ တံခါးကိုပိတ်ခဲ့တူလေး ''

'' ဟုတ်ကဲ့ဗျ ''

တံခါးကိုညင်ညင်သာသာပိတ်လိုက်သည်။ ဦးလေးကြီးဖို့ယူလာသည့်အခြားပေါင်မုန့်နှစ်ချပ်ကိုထုတ်ကာ စားလက်စပေါင်မုန့်ကိုအပြီးသတ်စားလိုက်သည်။

'' ဦးလေးဘာမှမစားရသေးဘူးထင်လို့ စားလိုက်ပါအုံး ''

'' ပြီးရင်စားလိုက်မယ်လေ။ ''

'' မနေ့ကအကြောင်းလေးဆက်ပြောကြတာပေါ့ဦးလေး ''

'' အိမ်း....... မင်းကအဲဒီ အိမ်ကြီးအကြောင်းသိချင်တာလား''

'' အတိအကျကိုသေချာတယ်ဦးလေး။ ကျနော်တကယ်သိချင်တာ။ အ့ အိမ်ကြီးထဲကိုဝင်ပြီးပြန်ထွက်လာနိုင်တာဆိုတော့က''

'' အိမ်း ဦးလေးပြောပြရမယ်ဆိုရင် အဲအိမ်ကြီးရဲ့ သမိုင်းကနေစပြီးပြောပြရမှာပဲ ''

''ဟုတ်''

'' အဲအိမ်ကြီးက ဗြိတိသျှတွေလက်ထက်ခတည်းက ဆောက်ထားတာလေ။ အစကတော့ တစ်အိမ်လုံးက အဖြူရောင်ပဲ။ ဖြူရောင်၃ထပ်တိုက်ကြီးမှ ဟိန်း​နေတာပဲ။ အဂ်လိပ်လူမျိုးတစ်ယောက်နဲ့ ဗမာ အမျိုးသမီး တစ်ယောက်လက်ထက်တာကနေစတာပဲ။ အဲအိမ်ကြီးမှာ အလှူကြီး ၇ရက်လုပ်တယ်။ ဘာကျွေးလဲဆိုတော့ ထမင်းနဲ့ ကြက်ကြော်ပဲတဲ့။ ''

Let me be your warrior (complete)Where stories live. Discover now