ခြောက်ကပ်ကပ်အိမ်ကြီး သတ္တဝါက နှစ်ကောင်တည်း....
နှစ်ယောက်သား ထိုင်လျက် စကားပြောနေမိသည်။
'' Diva, ငါတို့အိမ်ပြောင်းရတော့မယ်။ အိမ်က သူ့အလိုလိုပြောင်းသွားလိမ့်မယ် အခုလိုတိုက်ကြီးမဟုတ်တော့ဘဲ ခန့်ညားတဲ့ ကျွန်းအိမ် ဖြစ်သွားလိမ့်မယ်''
'' ငါသိပါတယ် ခန့်ကျော်။ ငါဘာပြင်ဆင်ရမလဲ''
'' အ့တာတွေထက် ငါ့ညီမလေးလည်း သူချစ်ရတဲ့ကောင်လေး Leoric နဲ့ပျော်နေမှာပဲ Ophelia သေတာနဲ့ သူ့လင် ပါသေ သွားမှာပါ။ Amberose ကလည်း ရှောပြီ။ တစ်ခုကျန်သေးတယ်''
''လင်းလက်ကျော် '' x2
နှစ်လုံးပါးစပ် မှတစ်ပြိုင်နက်ထွက်သွားမိသည်။
''သူလည်းအဆင်ပြေမှာပါလေ ''
Mannox စကားဆက်သည်။
'' သူရဲ့သက်တမ်းက ၂နှစ်ပဲကျန်တော့တာ။ သူလည်းအသက် ၇၀ ြဖစ် နေပြီပဲဟာ။ အ့တာတွေထားပါ။ ငါ့ကိုတကယ်ကယ်မဲ့သူက တကယ်ပေါ်မှာငါသိတယ်''
''အဲ့တာမလို့မင်းက လင်းလက်ကျော် ကို ငြင်းခဲ့တာပေါ့ ''
''မင်းနဲ့စကားပြောနေတာ Mannox, ရိန်ခန့်ကျော်ပါကွာ။ ငါ့ကို ကယ်တင်မဲ့ကောင်လေး ပေါ်လာမှာက အိမ်ပြောင်းပြီးမှ။ အဲ့တာကို အောက်တန်းစား Amberose က လော်ကြောင် ပြီးခေါ်တာ''
''ဟိုကောင်က သေနေပြီကို မင်းကလည်း ''
''ဟက် ဟက် ''
ခြောက်ကပ်ကပ်ရယ်လိုက်ရာ....
'' အ့ကောင်လေးက ငါ့ကိုစိတ်ဓာတ်ရှိတယ်ဆိုတာမင်းမှတ်ထား။ သူကလည်းဆရာဝန်ပဲ ဖြစ်မှာ...''
'' မင်းသိရင် ဘာလို့ကြိုမပြောခဲ့တာလဲ ခန့်ကျော်''
''အရာအားလုံးမှာကိစ္စ ရှိတာမင်းသိမှာပါ သူငယ်ချင်း။ ငါက မင်းကလွဲပြီးဘယ်သူကိုမှမယုံခဲ့တာပါ ''
''ငါသိတယ် ''
'' မင်းက ငါ့ပေါ်သစ္စာရှိပြီး ချစ်တာလည်းပါတာပေါ့ ''
''ဟားဟား ''
'' လင်းလက်ကျော်ဆိုတဲ့ကောင်လေးကလည်း ငါ့ကိုမချစ်ပါဘူး သူကစိတ်ကစားတာနေမှာပါ ''
''သူကတကယ်ချစ်...''
****************************
'' ဖိုးဖိုး.... ဖိုးဖိုး....အဆင်ပြေလား''
လူနာကုတင်ပေါ်မှာလှဲလျောင်းနေသူကို သူ၏မြေးမလေးက မေးနေခြင်းဖြစ်သည်။ ဘေးတွင်လည်း ဇနီး သားသမီး များဝန်းရံထားသည်။
လူနာမှာသတိကရတစ်ချက် မရတစ်ချက်.... အသံတွေကိုကြားတစ်ချက် မကြားတစ်ချက်
'' အဖေ သက်သာရဲ့လား''
''နှလုံးခုန်နှုန်းတွေနိမ့်နေပြီ Doctor ကိုမြန်မြန်ခေါ်ပါ ''
'' သွေးပေါင်တွေလည်း ကျပြီးရင်းကျပဲ ''
အသံတွေက ဒေါက်တာရောက်မလာခင်အထိ ေနှာက်ယှက်ဆဲ.... မျက်လုံးဖွင့်ဖို့လည်းသူ့မှာခွန်အားမရှိ....
' အကို Mannox, ခန့်ကျော်... ကျနော် ခဗျားဆီလာတော့မယ်ထင်တယ်။ ဒါမှမဟုတ် အခြားဘဝလား။ အိမ်မက်ထဲမှာတွေ့နေကျမလို့ အခုထိတောင်မေ့မရဘူး အကို '
လူနာ၏စိတ်ထဲမှ စကားတစ်ချို့ကိုပြောနေမိသည်။ ခဏအကြာ ဒေါက်တာရောက်လာပြီး
'' လူနာနောက်ဆုံးချိန်ရောက်ပြီ''
ဒေါက်တာပြောတာလည်းမှန်သည်။ သူသည် မျက်စိလည်းမဖွင့်နိုင်တော့သလို အသံတွေကိုကြားတစ်ချက် မကြားတစ်ချက်
** တီ**
'' ဦးလင်းလက်ကျော် သေဆုံးချိန် ည ၁၀ နာရီ ၁၃မိနစ်။ အသက် ၇၂နှစ် ''
အသံရှည်ဆွဲသံတစ်ခုနှင့်အတူ ဒေါက်တာ၏ပါးစပ်မှထွက်လာသော စကားများကြောင့် မိသားစုဝင်များ သေဆုံးသွားသည်။
သူတို့မသိလိုက်တာက Mannox နှင့် Diva နှစ်ဦးစလုံးက လင်းလက်ကျော်၏ နောက်ဆုံးချိန်တွင်ရှိနေပေးသည်ဆိုသည်ကို ပင်.....
Mannox နှင့် Divaခေါင်းကိုခါလိုက်ပြီး...
'' သူလည်း သူ့ဘဝနှင့်သူ ငါတို့လည်းငါတို့ဘဝနဲ့ငါ။ ''
Mannox ဆီမှစကားထွက်လာသည်။
'' ငါတို့သူ့ကိုတိတ်တိတ်လေးစောင့်ရှောင့်ပေးလာလေ။ ငါတို့တာဝန်ကျေပါတယ်''
Diva ပြောသည်လည်းမှန်ပေသည်။ သူတို့နှစ်ဦးသားဟာ လင်းလက်ကျော်၏ မဂ်လာပွဲ မွေးနေ့ပွဲ... ယခုဆိုလျှင် သေဆုံးချိန်ထိ မမြင်ရသောတစ်နေရာမှ စောင့်ကြည့်ပေးနေခဲ့ပါသည်။....
'' သူ့အသုဘအတွက်လည်းငါတို့ရှိပေးသင့်တယ်''
'' အင်းဟုတ်တယ် ''
နှစ်ဦးသားစကားတစ်ပြောပြောနှင့် အိမ်ကြီးဆီသို့ပြန်လာရင်း.....
The End-
Thanks for reading
please vote and comment(Season 2 ထွက်မည်နော်။ အခုလိုအဆုံးထိဖတ်ပေးတာကိုလည်းကျေးဇူးအများကြီးတင်မိပါတယ်ဗျ။ )
YOU ARE READING
Let me be your warrior (complete)
Mystery / Thriller(unicode only) (myanmar fic) ဒဏ္ဏာရီလာ သတ္တဝါဝာစ်ကောင်နဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့အချစ်ဇာတ်လမ်း။ ဤficသည်စာရေးသူ၏ စိတ်ကူးသာဖြစ်သည်။မည်သူကိုမှထိခိုက်လိုစိတ်မရှိပါ။