Chapter 6

199 12 0
                                    

ရက်တွေဘယ်လောက်ကြာပြီလဲ။ လင်းလက်ကျော်တောင် ၁၀တန်းစာမေးပွဲပြီးပြီ။ Result ထွက်ပြီးပြီ။ လင်းလက်ကျော် ၆ဘာသာဂုဏ်ထူးနဲ့ တစ်နိုင်ငံလုံး မှာပထမရသွားတယ်လေ။ ဆေးတက္ကသိုလ် လည်း ၇နှစ်တတ်ပြီးသွားပြီ။ အဲ့အချိန်တွေအထိ လင်းလက်ကျော်ရဲ့ဘေးမှာ Diva က အမြဲရှိနေပေးခဲ့တယ်။

လင်းလက်ကျော် ဆေးတက္ကသိုလ် တတ်ပြီး ဆရာဝန်မလုပ်ချင်ပါဘူး။ သူက စာရေးဆရာလုပ်ချင်တာလေ။ ဒါပေမဲ့ မိဘတွေရဲ့တိုက်တွန်းမှုကြောင့် ဆေးရုံတစ်ရုံမှာ အလုပ်လုပ်တယ်။ သူ့အလုပ်က အထွေထွေအထူးကု ဆရာဝန်ဆိုတော့ ခေါ်ချင်တဲ့ဆေးရုံတွေကလည်းများတယ်။ ဒါပေမဲ့ ပိုက်ဆံအများကြီးပေးပြီး အချိန်နည်းနည်းပဲလုပ်ရတဲ့ဆေးရုံကိုသူရွေးလိုက်တယ်။ Diva အဲ့အချိန်ထဲ လင်းလက်ကျော်ဘေးမှာရှိနေသေးတယ်။

ယနေ့လင်းလက်ကျော်ရဲ့ ၂၅နှစ်ပြည့်မွေးနေ့လေ။ Diva အိမ်မှာကောင်းကောင်း ချက်ပြုတ်နေတာပေါ့။ ကိတ်မုန့်ရယ်။ သူချက်ကျွေးနေတာ Sandwich, burger, ခေါက်ဆွဲပြုတ် တွေရယ်ပေါ့။

'' အကို ကျနော်ပြန်ရောက်ပြီ ''

'' အင်း လာခဲ့ မီးဖိုထဲ''

'' ဘာနေ့ထူးနေ့မြတ် မလို့ ကောင်းတာတွေချက်ထားတာလဲ အကို''

'' မင်းမွေးနေ့လေ ငတုံးရဲ့ ''

'' အကိုမှတ်မိတယ်ပေါ့။ အဖေနဲ့အမေက ဒီနှစ်လည်းလာမယ်မထင်ပါဘူးဗျာ ''

'' ဘယ်နှစ်မှလာမှာမဟုတ်ဘူး။ လာအတူတူစားကြမယ်။ ပြီးရင် ငါမင်းသိသင့်တယ်အရာတစ်ခုပြောပြမယ် ''

'' ပြီးရင် အိမ်မဲကြီးထဲ လိုက်ပို့ရမှာနော်။ အကို ပို့မယ် ပို့မယ်နဲ့မပို့တာ နှစ်တွေကြာနေပြီ ''

'' အင်းပါ အင်းပါ ''

လင်းလက်ကျော် ၄လက်မကိတ်လေးကိုခွဲပြီး Diva နဲ့ပျော်ပျော်ရွှင်ရွှင် စားပြီးသောက်ပြီးနောက် Diva က လင်းလက်ကျော်ကို အပေါ်ထပ်က အခန်းထဲကိုခေါ်လာခဲ့တယ်။

'' ငါမင်းကိုပြောပြမယ် ငါအ့တာကို မပြောဘဲနေလာတာ ၉နှစ်ရှိပြီ။ ''

'' ဟမ် ''

'' ငါ..... ငါ...ငါက''

'' အကိုကဘာဖြစ်တာလဲ''

Let me be your warrior (complete)Where stories live. Discover now