Chapter 15

41 3 2
                                    

'' မင်းအတွက်ဆိုရင် ဓားတောင်ကိုလည်းကျော်မယ်။ မီးပင်လယ်ကိုလည်းဖြတ်မယ်။ ငါ့အရိုးအပြိုင်းပြိုင်း ဖြစ်တဲ့အထိ ငါ့ဘဝနေမဝင်ခင်အထိ ငါရဲ့နောက်ဆုံးအသက်ရှုသံမတိုင်ခင်အထိ မင်းကိုပဲချစ်သွားမဲ့ကောင်ကငါပါကွာ။ ဘာလို့ ဟို အောက်တန်းစား ခွေးသူတောင်းစား ကောင်ကိုရွေးရလဲကွာ။ ''

ညမှာ လမင်းကြီးကိုကြည့်ပြီးတစ်ယောက်ထဲစကားတွေပြောနေသည့် ရိန်ခန့်ကျော် ကိုကြည့်ပြီး ရာဇာကျော် ရယ်မိပြန်သည်။ ဟိုကောင်က အချစ်စစ် အစစ်မှန်တွေပြောနေပေမဲ့ ရာဇာကျော် အကြောင်းပြချက်မဲ့စွာရယ်ချင်ပြန်သည်။

'' ရိန်ခန့်ကျော်။ ဒီတစ်တောင်ပဲကျန်တော့တယ်။ ဒီညမပြတ်လျှောက်ပြီးရင် နောက် နေ့နေမထွက်ခင်တောင်ကြီး၃ဆက်ရဲ့နောက်ကတောထဲရောက်ပြီ။ ''

'' အချစ်အတွက် ကျိုးစားပြီးလျှောက်မယ်''

ယနေ့မှ လမင်းကြီးဟာ ကြည်လင်စွာတောက်ပနေသည်။ ထိုသတ္တဝါနှစ်ကောင်အတွက်အစွမ်းကုန်ထွန်းလင်းတောက်ပနေသည်။ လရောက်အောက်လမ်းလျှောက်ရင်း Mannox ေခါင်းထဲတွင် ဦးငှက်ရဲ့သီချင်းတစ်ပုဒ်ခေါင်းထဲရောက်လာတယ်။

'' လရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ်။ ဘယ်ကိုရောက်နေမလဲ မစဉ်းစားဘူးကွယ်။ ''

'' ဦးငှက်ဆိုတုန်းကကောင်းတယ်။ မင်းဆိုတာ.....မင်းဆိုတာ....''

''ဘာဖြစ်လဲ ''

မေးငေါ့ပြီးပြောလာသောကြောင့် ရာဇာကျော် ေခါင်းလေးပုဝင်သွားသည်။

'' ဦးငှက် လောက် မကောင်းပေမဲ့ ကောင်းတဲ့အထဲတော့ပါသေးတယ်။ ဦးငှက်ကငါ့ရဲ့ Masterprice ပဲငါအရမ်းကြိုက်တာ''

'' အဟက် ။ ဆက်ပြောရအုံးမယ်။ ယဉ်မျိုးသူအကြောင်း။''

'' ပြောပြော။ ငါယဉ်မျိုးသူအကြောင်းဆိုဘာဖြစ်ဖြစ်ငါသိချင်တယ်။ ''

'' သူဒီတောင်ကြီးရဲ့နောက်ကတောထဲမှာ သစ်လုံးအိမ်လေးနဲ့နေတယ်။ တစ်ထပ်အိမ်လေးပါကွာ။ ငါဟိုတစ်နေ့က သွားကြည့်ခဲ့တယ် Amberose နဲ့ သွားကြည့်တာ''

'' ငါကိုကျ မခေါ်ဘူး အောက်တန်းစားကောင်''

'' မင်းကိုပြောသင့်မပြောသင့်မသိလို့လေ။ အားနေ ဆဲမယ်ဆိုတာကြည့်ပဲ။ အ့တာမလို့မင်း စော်ကပစ်သွားတာ။ ''

Let me be your warrior (complete)Where stories live. Discover now