အပိုင်း-၁

16.8K 418 64
                                    

'ဝုန်း'
Aaron Universityရဲ့ ခန်းမဆောင် အနောက်ဘက်ရှိ ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်တွင် ပစ္စည်းများပြိုကျနေသံနှင့် ရုတ်ရုတ်သဲသဲအသံများ။

"မင်းဘာပြန်ကြည့်တာလဲ ခွေးမသား"

ထိုပစ္စည်းပုံများ အောက်တွင် လဲကျနေသော လူတစ်ယောက်အား မတ်တပ်ရပ်နေသော ကျောင်းသား အုပ်စုမှ ဝန်းရံထားကာ မေးမြန်းလိုက်ခြင်းဖြစ်သည်။

"မင်းအကြည့်တွေကို ပြင်လိုက် ခွေးသား။ ကျောင်းမှာ အတော်ဆုံးကျောင်းသားဖြစ်နေရုံနဲ့ ဘယ်သူ့ကိုမှ မမြင်တော့ဘူး ထင်တယ်"

"အဟွတ်"

မြေပြင်ပေါ်လဲကျနေသည့် ကျောင်းသားဟာ ချောင်းတစ်ချက်ခန့်ဆိုးကာ နှုတ်ခမ်းထောင့်ရှိ ပေါက်ပြဲနေသော ဒဏ်ရာမှ သွေးများအား လက်ခုံဖြင့် ပွတ်သုတ်လိုက်၏။ ထို့နောက်တွင်တော့ သူ့အား ဝန်းရံထားသည့် ကျောင်းသားအုပ်စုကို မော့ကြည့်လိုက်ပြီးနောက်

"ဟက်.....အရှုံးသမားတွေ"

"ဘာပြောလိုက်တယ်"

"ဒီကောင်က စောက်ကြောတော်တော်တင်းတဲ့ ကောင်ပဲဟ"

"ခွေးသတောင်းစားကတော့"

ဆဲဆိုအော်ဟစ်သံများက တပြိုင်နက် ထွက်ပေါ်လာပြီးနောက်မှာတော့ တရစပ် ရိုက်နှက်နေသံများလည်း ဆက်လက်ပေါ်ထွက်လာခဲ့တော့သည်။ မြေပြင်ပေါ်တွင် လဲကျနေသည့် ကျောင်းသားအား ယူနီဖောင်းဆင်တူဝတ်ဆင်ထားသည့် ကျောင်းသားသုံးလေးယောက်မှ ဝိုင်းဝန်းရိုက်နှက်နေခြင်းဖြစ်သော်လည်း မည်သူမျှကူညီမယ့်သူ မရှိသလို၊ ဘယ်သူမှလဲ မကြားနိုင်၊ မမြင်နိုင်ခဲ့။အကယ်၍ မြင်နိုင်၊ ကြားနိုင်ခဲ့ပါလျှင်လည်း မည်သူမှ ကူညီရဲမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုဝိုင်းဝန်းရိုက်နှက်နေသူများ၏ အနောက်ဘက်တွင် မတ်တပ်ရပ်ကာ လက်ပိုက်၍ ကြည့်နေသည့် လူကြောင့် ဖြစ်ပါလိမ့်မည်။

'မင်းဧကံဟိဏ်း'
Aaron University ကျောင်း Founder အဖွဲ့ဝင်တစ်ဦး၏ မြေးဖြစ်သူ ဖြစ်ပြီး ရှယ်ယာအများအပြားပါဝင်ထားသည်ကြောင့် နောင်တစ်ချိန်တွင် ကျောင်းအုပ်ချုပ်ခွင့်ကို ဆက်ခံမည့်သူ။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now