အပိုင်း-၂၃

2.5K 158 5
                                    

ပန်းချီဆောင်၏ သန့်စင်ခန်းထဲတွင် စောင့်ဆိုင်းနေပါသော်လည်း ရောက်မလာသေးသော ရာဇနှိုင်းကြောင့် တဖြည်းဖြည်း ဒေါသထွက်လာရသည့်အပြင် မွန်းကြပ်မှုကြောင့် ဘောင်းဘီအိတ်ထဲက ဆေးလိပ်ကိုထုတ်ကာ နှုတ်ခမ်းကြားထဲညှပ်ပြီး မီးခြစ်အား ဟိုရှာဒီရှာလုပ်နေစဉ် မျက်နှာရှေ့နားသို့ မီးတောက် တစ်ခုပေါ်ထွက်လာ၍ မော့ကြည့်လိုက်မိသည်။ ထိုအခါ ရာဇနှိုင်းက မီးခြစ်အား ခြစ်ကာ မီးညှိရန် လုပ်ပေးသဖြင့် မျက်လုံးတစ်ချက်လှန်ကြည့်လိုက်တော့  မီးတောက်အား မေးဆတ်ပြသည်ကြောင့် ဘာမှမပြောဖြစ်တော့ဘဲ စီးကရက်ကိုသာ မီးညှိုလိုက်တော့သည်။

"ဘာလဲ......"

ဆေးလိပ်ကို တစ်ချက်ရှိုက်ဖွာပြီး မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ပြီးတဲ့အထိ ဘာစကားမှမပြောဘဲ ဘေးတိုက်သာ စိုက်ကြည့်နေသော ရာဇနှိုင်းကြောင့် မင်းဧကံဟိဏ်း ထူးဆန်းစွာဖြင့် မေးမြန်းလိုက်သည်။ မေးခွန်းကို ကြားတော့ ရာဇနှိုင်းက နှုတ်ခမ်းတစ်ဖက်တွန့်ရုံသာ ပြုံးလိုက်ပြီးနောက် ဘေစင်နှင့် တွဲဆက်ထားသည့် စားပွဲပေါ် တက်ထိုင်လိုက်သည်။ ထိုအခါ ဘေစင်ဘက်ကို မျက်နှာမူထားသော မင်းဧကံဟိဏ်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားရလေသည်။

"ငါ....ဟိုးငယ်ငယ်လေးတုန်းက သူငယ်ချင်း တစ်ယောက်ရှိခဲ့ဖူးတယ်"

ရုတ်တရက် မဆီမဆိုင်စကားထွက်လာသည်မို့ အငွေ့တလူလူထွက်နေသော စီးကရက်ကို လက်ကြားညှပ်ထားသော မင်းဧကံဟိဏ်းက မျက်မှောင်ကုတ်ကြည့်၏။

"အဲ့ဒီသူငယ်ချင်းက ငါ့ဘဝမှာ ပထမဆုံးရခဲ့ဖူးတဲ့ သူငယ်ချင်းပေါ့။ ငါ့ကို အရမ်းခင်ပြီး အရမ်းကာကွယ်ပေးခဲ့ပြီး အရမ်းလည်း ချစ်ဖို့ကောင်းသေးတယ်"

"အဲ့ဒါ ငါနဲ့ ဘာဆိုင်လဲ စောက်ကောင်ရဲ့"

မျက်မှောင်ကြုံ့ကာ ဆဲဆိုလိုက်သော မင်းဧကံဟိဏ်းအား ဆေးလိပ်ငွေ့တွေကြားထဲမှ ရာဇနှိုင်းက ကြည့်လိုက်သည်။ သို့သော်လည်း တစ်ချက်ခန့်ပြုံးလိုက်ပြီးနောက် အကြည့်တို့ကို လွှဲကာ စကားကိုသာ ဆက်ပြောလေ၏။

"သူငယ်ချင်း အချင်းချင်း ပေးခဲ့တဲ့ ကတိတွေကိုလဲ မတည်ဘဲ နောက်တော့ အဲ့ဒီသူငယ်ချင်းက ငါ့ကို သစ္စာဖောက်သွားတယ်လေ။ အဲ့ဒါတောင် ငါအမုန်းဆုံး လုပ်ရပ်တွေကို လုပ်ပြီးတော့ပေါ့"

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now