အပိုင်း-၂၀

2.8K 147 18
                                    

"ဘယ်သွားမလို့လဲ"

လက်တွင်သွယ်တန်းထားသော ဆေးပိုက်များအား ဆွဲဖြုတ်နေသဖြင့် မေးမြန်းလိုက်ရာ ခဏတော့ ရပ်တန့်သွားပြီး ပြန်တော့မဖြေခဲ့။

"ဒီဆေးတော့ ကုန်အောင်သွင်းလိုက်။ ပြီးမှ အိမ်ပြန်ချင် ပြန်"

ထိုသို့ပြောသော်လည်း လက်မခံဘဲ လက်ကဆေးပိုက်အား ထပ်မံဆွဲဖြုတ်နေပြန်၏။ ထို့ကြောင့်သာ ဆွဲဖြုတ်နေသည့် လက်ကို ဆွဲကိုင်ဖိထားလိုက်တော့ ဒေါသအပြည့်မျက်ဝန်းများက ဒိုင်းခနဲ သူ့ဆီရောက်ရှိလာ၏။ နိုးလာကတည်းက သူ့အား သေလူလို သဘောထားပြီး ဘာစကားမှ မပြောဘဲ အကြည့်ချင်းတစ်ချက်မှ မဆုံခဲ့တာ အခုချိန်ထိပေ။ မျက်လုံးများ ရဲတွတ်လာသည့်အထိ စိုက်ကြည့်နေသော ဒေါသမျက်ဝန်းများကြောင့် အားဖြင့်ဖိကိုင်ထားမိသော လက်ကို အနည်းငယ် အားလျှော့ပေးလိုက်ပြီး

"ဘာလုပ်မလို့လဲ..ငါ့ကိုအရင်ပြော"

"အိမ်သာ သွားမလို့ ခွေးကောင်ရဲ့"

အော်ဟစ်ကာ အဖြေပြန်ပေးလာသည့် မင်းဧကံဟိဏ်းကြောင့် ရာဇနှိုင်း ရယ်မိတော့မလိုပင်။

"မင်းမှ မပြောတာ။ အဲ့ဒါဆို သွား"

"ေ-ာက်-ီးလိုပဲ ခွေးမသား"

လက်ကို ဖြေလျှော့ကာ လွှတ်ပေးလိုက်တော့ ကုတင်ပေါ်က ဆင်းပြီး အိမ်သာထဲသို့ ဝုန်းဒိုင်းကြဲဝင်သွားသည်မှာ နေမကောင်းဖြစ်နေ၍ ဆေးသွင်းထားရသည့် လူနာနှင့် တစ်ချက်မှမတူပေ။
Sexလုပ်ရင်တော့ အမြဲတမ်း သတိလစ်နေပြီး စိတ်တိုဒေါသထွက်ပြီး ဆဲဆိုဖို့ကျတော့ အမြဲတမ်း အားအင်အပြည့်နှင့်ပင်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အားတွေကို ဒေါသထွက်သည့် နေရာမှာ အကုန်လုံး သုံးပစ်နေသလား မပြောတတ်။
ခေါင်းကို ခါမိရင်းသား ကြည့်လက်စ စာရွက်စာတမ်းများကို ဆက်ကြည့်နေမိပါ၏။ ဒီတစ်ခေါက် ပေးပို့လာသည့် စာရွက်စာတမ်းများမှာ အနည်းငယ်ရှုပ်ထွေးပြီး အခုလောလောဆယ် Projectတစ်ခုလည်း စတင်နေပြီ ဖြစ်သဖြင့် ခေါင်းကိုက်နေသည်မှာ အမှန်ပင်။

နိုင်ငံခြားမှာ အချိန်အတော်ကြာနေထိုင်ခဲ့ပြီးသည့်နောက် အဆက်အသွယ်တစ်ခုကြောင့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနှင့် အဆက်အသွယ်ရရှိခဲ့သည်။ ဒီက လုပ်ငန်းတွေကို ဝင်မနှောက်ယှက်ရန်နှင့် သူရှိနေခြင်းအား ပိုးမွှားတစ်ကောင်ကပ်တွယ်နေသလိုခံစားရသော မိသားစုက နိုင်ငံခြားသို့ စေလွှတ် စွန့်ပစ်ကာ ကျောင်းလခလေး မလောက်မငှနှင့် နေထိုင်ခဲ့ရသည်။
ထိုအချိန်တွင် သတ္တိမင်းရှင် ဆိုသည့် လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ရပြီး ဒီကွန်ရက်အဖွဲ့အစည်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာလူမျိုးတစ်ယောက်ဖြစ်သည့်အပြင် အနည်းငယ်ထူးဆန်းသည့် စိတ်အခြေအနေနှင့် အမူအကျင့်များကြောင့် မိသားစုထံမှ စွန့်ပစ်ခံရသည်ဟု သတင်းများ ကြားသိခဲ့ရ၏။ ထို့ကြောင့်သာ အစွန့်ပစ်ခံလူသားနှစ်ယောက် တွေ့ဆုံခဲ့ရပြီး ဒီကွန်ရက် အဖွဲ့အစည်းကို တည်ထောင်ခဲ့ခြင်းသာ။ အမေ့နာရေးသတင်းအား ဖုန်းဖြင့်သာ လက်ခံရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ အပြေးပြန်လာချိန်တွင် အသုဘကိုပင် မမှီခဲ့ဘဲ လက်ခံရရှိခဲ့သည်မှာက အမေ့၏ ကျန်ရစ်ပစ္စည်းများနှင့် ဒိုင်ယာရီစာအုပ်အဟောင်းတစ်အုပ်သာ။ မြန်မာနိုင်ငံပြန်လည်ရောက်ရှိခဲ့ပြီး နောက်ပိုင်း သတ္တိမင်းရှင်နှင့် လုပ်ငန်းကိစ္စများကို အွန်လိုင်းမှသာ အဆက်အသွယ်ပြုလုပ်ခဲ့သော်လည်း  အခုတွင်တော့ ထိုလူမှာလဲ မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းပို့ချက် ရရှိထား၏။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now