အပိုင်း-၃၆

2.3K 165 39
                                    

'Green Group မှာ Yaza Group၏ ရှယ်ယာရှင်တစ်ဦးနှင့် ရင်းနှီးကာ တရားဝင်တွဲနေသည်မှာ သုံးလခန့်ရှိပြီ ဖြစ်ပြီး စေ့စပ်ကြောင်းလမ်းဖို့ အစီအစဉ်ရှိကြောင်းလည်း သတင်းများ ကြားသိရပေမယ့် နှစ်ဖက်စလုံးက အတည်ပြုပြောကြားထားခြင်းမျိုး မရှိသေးပေ။ သို့သော်လည်း နှစ်ဦးအကြား ရင်းနှီးဆက်ဆံမှုများမှာ သာမန်ရင်းနှီးဆက်ဆံမှုထက် ပိုနေသည်မှာ မှန်ကန်ကြောင်း အတွင်းသတင်းများ ကြားသိရပြီး မကြာမီတွင် စေ့စပ်ပွဲသတင်းကြားရမည်ဟုလည်း ခန့်မှန်းထားကြသည်။'

'AKan Groupနှင့် ပတ်သတ်သည့် သတင်းမှာလည်း ကောလဟာလသက်သက် တစ်ခုမျှသာ ဖြစ်ပြီး ကျောင်းတစ်ခုတည်း တက်နေကြသည့် သူငယ်ချင်းအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုဟုလည်း သိရသည်။ AKan Groupတွင်လည်း ရှယ်ယာရှင်တစ်ဦးအဖြစ် ပါဝင်နေပြီး Green Group နှင့်လည်း စေ့စပ်ကြောင်းလမ်းတော့မည့် ရာဇနှိုင်းမှာ နောက်ပိုင်းတွင်လည်း Yaza Group၏ အုပ်ချုပ်ရေးပိုင်းများတွင် ပါဝင်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။'

သတင်းများကို အစအဆုံး ဖတ်လိုက်ပြီးနောက် ဦးနှောက်မှ အသိစိတ်ဥာဏ်က ထွက်ပြေးသွားရပြီး မြင်လိုက်ရသည့် ဓာတ်ပုံများကို အခုထက်ထိ မယုံကြည်နိုင်သေးပေ။

ဟုတ်တာပေါ့။
သူနဲ့ ရာဇနှိုင်းဟာ ဘာမှမဟုတ်ကြသည့် လိင်ဆက်ဆံဖော်ဆက်ဆံဖက်များ ဖြစ်ပြီး တစ်ဦးရမ္မက်ကို တစ်ဦးက ဖြည့်ဆည်းကာ အချင်းချင်းအပေးအယူဖြင့် အိပ်ဖြစ်နေကြခြင်းမျိုးသာ။

ထိုသို့သော အမှန်တရားက ခေါင်းထဲသို့ ဝင်ရောက်လာပြီးနောက် ကုတင်ပေါ်မှာ ငေးငိုင်ကာ အရုပ်ကြိုးပျက်ထိုင်နေမိရင်း ခဏအကြာ ဖုန်းမျက်နှာပြင်ပေါ်သို့ ကျရောက်လာသော ရေစက်ရေပေါက်များ။

နောက်ဆုံးတော့ အမြဲတမ်း သူတစ်ယောက်တည်းပါပဲ။
မိန်းမတစ်ယောက်ကြောင့် စွန့်ပစ်သွားတဲ့ အဖေနဲ့ ထိုအခြင်းအရာကြောင့် အသက်ပေးသွားသော အမေ။ နှစ်ယောက်စလုံးက သူ့ကိုတစ်ယောက်တည်း ထားရစ်ခဲ့ကြတာပဲလေ။
အဖိုးသည်လည်း ကုမ္ပဏီက သူ့ထက်ပိုအရေးကြီးတယ်တဲ့လေ။ နှစ်ပေါင်းများစွာ ခင်လာတဲ့သူငယ်ချင်းများကလည်း ခွေးလိုကောင်တွေဖြစ်ပြီး နောက်ဆုံးသူ့ကိုပါ နင်းခြေဖို့ ကြိုးစားကြသည်အထိ။ နောက်ဆုံးသော လူတစ်ယောက်ကလည်း အခု သူ့ကိုလိမ်လည်လှည့်ဖျားပြီး သူ့သိက္ခာရော၊ ခံစားချက်တွေကိုပါ နင်းခြေဖျက်ဆီးပြီး နောက်ကွယ်မှာတော့ ဟားတိုက်ရယ်မော လှောင်ပြောင်နေလောက်ရောပေါ့။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now