"ဘာကြည့်တာလဲ။ မကျေနပ်တော့ ဘာလုပ်ချင်လဲ"
ရာဇနှိုင်းက စာအုပ်တွေကို ဒူးထောက်ကာ ကောက်နေရင်း မော့ကြည့်လာသဖြင့် မေးမြန်းလိုက်ရာ ဘာမှပြန်မဖြေခဲ့။ တစ်ချက်သာ ကြည့်ပြီးနောက် ကော်ဖီများ ပေကျံသွားသည့် စာအုပ်များကို ဆက်လက်ကောက်နေ၏။ သို့သော်လည်း ထိုပြန်ကြည့်လာသည့် အကြည့်အောက်က အေးစက်စက်အကြည့်တစ်ချက်ကိုတော့ မင်းဧကံဟိဏ်း အဓိပ္ပါယ်ဖော်၍ ရခဲ့ပါ၏။'ဒိန်းခနဲ' စောင့်တက်သွားသော နှလုံးခုန်သံတစ်ချက်နဲ့အတူ တုန်ယင်သွားသော လက်ချောင်းများကို လက်သီးဆုပ်၍ တင်းခံလိုက်ပြီးနောက် ရာဇနှိုင်းအား ဖြတ်ကျော်ကာ စာသင်ခန်းထဲသို့သာ ဝင်ခဲ့လိုက်ပါ၏။
"ဒီနေ့ ဘာတွေဖြစ်လို့လဲ ထူးထူးဆန်းဆန်းပါလား"
"ဘာကိုလဲ"
ခုံမှာထိုင်ရင်း နားမလည်ဟန်မေးမြန်းလိုက်တော့ အရှေ့ကတစ်ယောက်မှ အနောက်ဘက်သို့ ခုံကိုလှည့်ကာ ထပ်မေးလာ၏။
"ဟိုကောင်ကိုလေ..."
အခန်းထဲဝင်လာသည့် ရာဇနှိုင်းအား မျက်စပစ်ပြကာ မေးသဖြင့် သဘောပေါက်လိုက်ပြီး အရေးမပါသည့်ဟန်ဖြင့်
"ဒီအတိုင်းပဲ..ဒီနေ့ ခေါင်းနည်းနည်းနောက်နေလို့ စကားသိပ်ပြောချင်စိတ်မရှိလို့"
"အေးကွ။ ကမ္ဘာကြီးသာ ပြောင်းပြန်လည်ချင်လည်သွားမယ် ဧကံတို့က သူ့ခွေးလေးကို စိတ်မဝင်စားဘဲ မကစားဘဲ နေမယ့် နေ့ဆိုတာ ရှိလာမှာ မဟုတ်ဘူးလေ"
တဟားဟားရယ်မောကာ ပြောလာသည့် သူငယ်ချင်းများအား ဂရုမစိုက်သလိုဟန်ဖြင့်သာ လျစ်လျူရှုထားလိုက်မိပါ၏။ သို့သော်လဲ 'ခွေး'ဆိုသော စကားအောက်မှာတော့ သူ့လည်ပင်းနားတဝိုက်က အနည်းငယ်ယားယံလာသလို ခံစားချက်ကြောင့် လည်ပင်းအား ယောင်ယမ်းကာ ပွတ်လိုက်မိပါသည်။ ကော်လံပါရှိပြီး နက်ကတိုင်နှင့် တွဲဖက်ဝတ်ဆင်ရသော ယူနီဖောင်းအင်္ကျီဖြစ်သဖြင့် လည်ပင်းမှ အနီရောင်ပွန်းရာများမှာတော့ တခြားသူမမြင်နိုင်ခဲ့။ လည်ပင်းကို အပေါ်မှပွတ်သပ်နေမိရင်း သတိမထားမိပါဘဲ မျက်လုံးအကြည့်တို့က ရာဇနှိုင်းထံသို့ အကြည့်အရောက် သူ့အား ကြည့်ရှုနေသော မျက်ဝန်းတို့နှင့် သွားတွေ့ဆုံ၏။ မျက်မှန်များ အောက်မှ အကြည့်တစ်ချက်က စူးနက်လှစွာဖြင့် အေးစက်စက်ရှိလှသဖြင့် အလျှင်အမြန် အကြည့်လွှဲလိုက်ရချေပြီ။
YOU ARE READING
𝑩𝒖𝒍𝒍𝒚 [Complete]
Romance𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်အောက်က မြေမှုန်သာသာပဲ" "အချစ်မဟုတ်ဘူး။ မင်းနဲ့ပတ်သတ်ရင် လိုချင်တပ်မက်စိတ် သက်သက်ပဲ" 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐓𝐡𝐢𝐧 𝐓𝐡𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်ေ...