အပိုင်း-၂၅

2.7K 172 30
                                    

"ဧကံ....ဧကံ...ထစမ်း"

အိပ်ပျော်သွားသော ခန္ဓာကိုယ်အား ချီတွဲလာပြီးနောက် အိပ်ရာပေါ်သို့ ပစ်တင်လိုက်တော့ တခေါခေါဟောက်ကာ အိပ်စက်နေသူ။ အရက်နံ့တွေ တထောင်းထောင်းထနေပြီး ချွေးနံ့တို့ဖြင့် မွှန်ထူနေသောကြောင့် အိပ်ရာပေါ်တွင် သိပ်ထားဖို့ရာ မဖြစ်နိုင်သဖြင့် နှိုးနေသော်လည်း နိုးမလာခဲ့။ ထို့ကြောင့်သာ ရေချိုးခန်းဆီသို့ ချီမလျှက် ရေပန်းအောက်ပစ်ချကာ ခလုတ်အား ဖွင့်ချလိုက်မှသာ လှုပ်လှုပ်ယွယွဖြစ်လာလေ၏။

"အေးတယ်...."

"အေးမှာပေါ့...ရေအေးတွေလေ"

ထိုမှသာ နိုးလာပြီး ရေချိုးခန်းနံရံအား ထောက်၍ ယိုင်တိုင်တိုင် ထကာ သူ့အားမျက်လုံးဖွင့်ကြည့်လာလေ၏။

"ချမ်းတယ်..."

ရေပန်းအောက်မှထွက်လာပြီး သူ့ဆီတိုးဝင်လာ၍ ခါးနားတဝိုက်ကို သိုင်းဖက်၍ ရင်ခွင်ထဲတိုးဝင်လာသူကြောင့် သူပါ ရေတွေစိုသွားရလေပြီ။

"ကျစ်....ဒီကောင်ကတော့ကွာ..."

ရေစိုအဝတ်အစားများကြောင့် သူပါ စိုရွှဲသွားရပြီး မူးရူးကာ အသိစိတ်ပျောက်နေသောလူမှာတော့ သူ့ခါးအား တင်းကြပ်စွာဖက်တွယ်ထားပြီး လွှတ်မပေးခဲ့။

"လွှတ်စမ်း မင်းဧကံဟိဏ်း"

ပြန်မဖြေဘဲ ပုခုံးပေါ်သို့ မှီတွယ်၍ ဆက်လက်အိပ်စက်ရန် ပြင်ဆင်နေသူကြောင့် သက်ပြင်းချမိပြန်သည်။

"နွေးတယ်..."

"မင်းက မူးလာရင် တခြားလူကိုဖြစ်သွားတော့တာပဲ"

ခေါင်းခါရင်းသာ ရေစိုအဝတ်အစားများကို ချွတ်ယူပြီးနောက် တဘက်ဖြင့် ပတ်၍ ရေများကို ပွတ်သုတ်ပေးလိုက်မိပါတော့၏။

"အမူးပြေပြီလား"

မျက်လုံးများ တစ်ဝက်ခန့်သာပွင့်သော မင်းဧကံဟိဏ်းအား ညအိတ်ဝတ်စုံလဲလှယ်ပေးပြီးနောက် ကုတင်ပေါ်ပြန်တင်၍ မေးမြန်းလိုက်သောအခါ ဘာမှပြန်မဖြေခဲ့။

"အိပ်တော့"

ထို့ကြောင့်သာ ရေစိုနေသော ခေါင်းကို သုတ်ရန် တဘက်ကို ပစ်ပေးလိုက်ပြီး ထွက်သွားရန်အပြု လက်ကို ဖမ်းဆွဲထားလေသည်။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now