အပိုင်း-၂၂

2.5K 165 10
                                    

"ဒီတစ်ခါတော့ သတိမလစ်တော့ပါလား"

သူ့ဘက်သို့ လှည့်၍ ခေါင်းအုံးပေါ် လက်ထောက်ပြီး ခေါင်းတင်ကာ ရိသဲ့သဲ့မေးမြန်းလာသူအား မျက်လုံးလှန်ကြည့်လိုက်တော့ လှောင်ရိပ်သန်းနေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသဖြင့် စိတ်တိုစွာ မျက်နှာလွှဲပစ်လိုက်သည်။

"မင်း စောက်ကိစ္စမဟုတ်ဘူး"

"ဘာလို့လဲ ငါနဲ့တောင် -ိုးပြီးပြီကို ငါ့ကိစ္စမဟုတ်သေးဘူးလား"

"မင်း......"

ဆက်ပြောကာ ဒေါသထွက်နေလည်း အဲ့ဒီကောင်၏ လှောင်ပြုံးအပြည့် မျက်နှာပေးကြီးကို မြင်ရအုံးမည် ဖြစ်သဖြင့် ထွက်လက်စဒေါသများကို မြိုချလိုက်ပြီး သက်ပြင်းတစ်ချက်သာ ချပစ်လိုက်သည်။

"ဒီတစ်ခါတော့ ဘာဆေးမှမပါဘူးနော်"

"............."

အဖက်လုပ်ချင်စိတ်မရှိ၍ မျက်လုံးများကို စုံမှိတ်ထားလိုက်ပြီး မကြားဟန်ဆောင်လိုက်တော့ နဖူးပေါ်က ဆံစတို့ကို လာရောက်ထိတွေ့ သပ်တင်နေသည့် အထိအတွေ့တစ်ခု။

"ဒါပေမယ့် အရင်ကလည်း ဘာဆေးမှ မသုံးပါဘူး။ မင်းဘာသာ ထန်ပြီး အရမ်းသဘောကျနေတာကို ဆေးကို လွှဲချ...."

"မင်းစောက်ပါးစပ်ကို ပိတ်ထားလိုက်တော့ မအေဘေး"

နဖူးပေါ်က လက်အထိအတွေ့ကို ဖယ်ချလိုက်ပြီး အံကြိတ်သံဖြင့် သတိပေးပြောဆိုလိုက်တော့ ရာဇနှိုင်းမှာ သဘောကျစွာ တဟားဟားရယ်မောလျှက်။

"ဘာလဲ အမှန်တွေပြောနေတာကို။ မင်းက လက်မခံချင်ဘူးလား"

ဆက်ပြောနေလည်း အပိုပဲမို့ ဒီကောင်နဲ့ အတူမရှိချင်တော့၍ စောင်ကိုလှပ်ကာ ထလိုက်ပြီး ကုတင်ဘေးက တစ်စဆီပြန့်ကျဲနေသည့် အဝတ်အစားများကို တစ်ခုချင်းဆီ ကောက်ကာ ယူဝတ်လိုက်သည်။

"ပြန်တော့မလို့လား ပါပီလေးက"

ရှပ်အင်္ကျီကြယ်သီးကို အလျှင်အမြန်တပ်ပြီး ကြမ်းပြင်တစ်နေရာက ဘောင်းဘီကို အောက်ငုံ့ကာ ဆွဲကောက်လိုက်စဉ်အနေအထားမှာ ကုတင်ဘက်သို့ တင်ပါးအား ပြထားလိုက်သလို ဖြစ်သွားသည်မို့

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now