ဇာတ်သိမ်းပိုင်း

3.5K 200 20
                                    

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ အထပ်မြင့် အဆောက်အဦးတစ်ခုတွင် မှန်ပြတင်းပေါက်မှ မြင်နေရသော မြင်ကွင်းကို ငေးမောကြည့်ရှုလိုက်ကာ ဝိုင်ခွက်ထဲမှ ဝိုင်ကို တစ်ငုံမျှ သောက်လိုက်သည်။ ထိုအခိုက် စားပွဲပေါ်မှ ဖုန်းက တုန်ခါပြီး မြည်လာသဖြင့် တစ်ချက်စောင်းငဲ့ကြည့်လိုက်တော့ ပေါ်နေသည့် နံပါတ်ကြောင့် နှုတ်ခမ်းတို့ တွန့်ရုံသာ ပြုံးလိုက်မိပါသည်။ လက်ထဲကိုင်ထားသည့် ဝိုင်ခွက်ကို စားပွဲပေါ် ပြန်ချထားလိုက်ရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။

"အလုပ်ကိစ္စ အဆင်ပြေရဲ့လား"

ဖုန်းကိုင်ကိုင်ချင်း ထွက်ပေါ်လာသည့် စိတ်ပူနေဟန် မေးမြန်းသံကြောင့် မင်းဧကံဟိဏ်းပြုံးလိုက်မိပြီး မတ်တပ်ထရပ်ကာ ဘောင်းဘီအိတ်ထဲသို့ လက်ထည့်၍ အပြင်မြင်ကွင်းများကို ငေးမောကြည့်ရှုလိုက်ပြီးနောက်

"အင်း...ပြေပါတယ်"

"ငါ့ကိုရော လွမ်းနေလား"

စနောက်လိုဟန် ပါဝင်နေသည့် အသံအား ကြားသောကြောင့် အရင်လိုဆဲဆိုပစ်ရန် ကြံရွယ်လိုက်သော်လည်း ရင်ထဲပြည့်သိပ်သွားရသော အလွမ်းတို့ကြောင့် ဘာမှပြန်မပြောဖြစ်တော့ဘဲ သက်ပြင်းသဲ့သဲ့သာ ချလိုက်မိသည်။

"အင်း...လွမ်းနေရင်ကော ဘာလုပ်ပေးမှာမို့လဲ"

မင်းဧကံဟိဏ်းက ထိုသို့ဖြေဆိုလိုက်တော့ ရာဇနှိုင်းသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားပြီး တစ်ဖက်ခြမ်းက ဖုန်းသံက တိတ်ဆိတ်သွားတော့သည်။

"ဆဲမယ်ထင်လို့ ထားပေမယ့် ပါပီလေးက ဒီလိုအတည်ပေါက်ကြီး ဖြေလိုက်တော့ မမျှော်လင့်ထားတာမို့ နည်းနည်းတောင် ရင်ခုန်သွားတယ်"

"........"

မင်းဧကံဟိဏ်းက ဘာမှမပြောတော့ဘဲ တိတ်တဆိတ်သာ ဝန်ခံလိုက်တော့ ရာဇနှိုင်း၏ ရယ်သံသဲ့သဲ့ကို လေလှိုင်းထဲမှ ဖြတ်သန်း၍ ကြားလိုက်ရတော့သည်။ ဘန်ကောက်မြို့ကို အလုပ်ကိစ္စဖြင့် ရောက်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီ ဖြစ်သဖြင့် သူကိုယ်တိုင်လည်း အမှန်တကယ် ရာဇနှိုင်းအား လွမ်းဆွတ်နေမိပါသည်။ ထိုအကြောင်းအား ရာဇနှိုင်းထံ အတည်ပေါက်ဝန်ခံမိတော့ သဘောတကျရယ်သံကြောင့် သူပါအတူ လိုက်ရယ်မောမိပါတော့သည်။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now