လင်းထိန်နေသော အခန်းမီးရောင်ကြောင့် မျက်လုံးတို့ မှိတ်ထားသည့်တိုင် ဝင်ရောက်လာသော အလင်းရောင်။ နိုးနေပြီ ဖြစ်သော်လည်း လက်တွေ့အဖြစ်အပျက်ကို ရင်မဆိုင်ရဲသဖြင့် မျက်လုံးများကို ဖွင့်မကြည့်ရဲပေ။ အထူးသဖြင့် နံဘေးက လူတစ်ယောက်၏ အသက်ရှုသံသဲ့သဲ့နှင့် လှုပ်ရှားသံကို ကြားနေရသောကြောင့် ပို၍ ဖွင့်မကြည့်ရဲပါချေ။
ဒါတွေအားလုံးအိမ်မက်တစ်ခုသာ ဖြစ်နေရင် သိပ်ကောင်းလိမ့်မည်။
ဆက်လက်၍ အိပ်ချင်ယောင်ဆောင်နေချင်သော်လည်း တဆစ်ဆစ် ကိုက်ခဲလာသောခေါင်းနှင့် အော်ဟစ်ထားရမှုကြောင့် ခြောက်သွေ့နေသော လည်ချောင်း။ ဒီ့အပြင် အနည်းငယ်လှုပ်လိုက်သည်နှင့် ကိုင်ရိုက်ခံထားရသလို ခံစားရသည့် နာကျင်မှုက ခန္ဓာကိုယ် အနှံ့အပြားဆီမှ တရစပ်ထွက်ပေါ်လာလေသည်။
"အ့"
ရုတ်တရက်နာကျင်မှုကြောင့် ယောင်ယမ်းကာ ညည်းညူသံသေးသေးလေး ထွက်ကျသွားသဖြင့် လန့်ဖြန့်ကာ ပါးစပ်ကို အသာပြန်၍ စေ့ပိတ်လိုက်မိသည်။
"နိုးပြီလား"
သိသွားပြီမို့ ဆက်လက်၍ အိပ်ချင်ယောင်ဆောင်၍ မရတော့သဖြင့် မျက်လုံးများကို ဖွင့်လှစ်ကာ ကြည့်လိုက်တော့ အိပ်ရာဘေးရှိ ဆိုဖာခုံတစ်ခုတွင် ခြေချိတ်ထိုင်၍ စာရွက်စာတမ်းတွေ ကြည့်နေသော ရာဇနှိုင်း။
တကယ်ကြီးကို ရာဇနှိုင်းပဲ။
မျက်စိရှေ့တွင် မြင်နေရသည့်လူမှာ ရာဇနှိုင်းအစစ်မှ ရာဇနှိုင်းပေ။ သို့သော်လည်း ကျောင်းတွင် မြင်နေကျ ပုံစံမျိုးနှင့် မတူပါဘဲ အနည်းငယ်တော့ ကွဲပြားနေလျှက်။ မျက်လုံးများ မပေါ်လောက်အောင်အထိ နဖူးပေါ်ခပ်အုပ်အုပ်ကျနေသော ဆံပင်ဘုတ်သိုက်ကို အခုတွင်တော့ လှန်၍ သေသပ်စွာဖီးတင်ထားသည့်အပြင် တပ်နေကြ ကြောင်တောင်တောင် မျက်မှန်ကိုလဲ မတပ်ထား။ ရေချိုးပြီးကာစမို့ အနည်းငယ်ရှင်းသန့်နေသည့် အနေအထားဖြင့် ရေချိုးတဘက်ဝတ်ရုံကို ဝတ်ဆင်ထားသည်ကြောင့် မြင်နေကြပုံစံမဟုတ်သဖြင့် ရာဇနှိုင်းမှ ဟုတ်ရဲ့လားတောင် မေးခွန်းပြန်ထုတ်ရမလိုပင်။
YOU ARE READING
𝑩𝒖𝒍𝒍𝒚 [Complete]
Romantizm𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်အောက်က မြေမှုန်သာသာပဲ" "အချစ်မဟုတ်ဘူး။ မင်းနဲ့ပတ်သတ်ရင် လိုချင်တပ်မက်စိတ် သက်သက်ပဲ" 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐓𝐡𝐢𝐧 𝐓𝐡𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်ေ...