တံခါးPasswardကို ရိုက်နှိပ်ရင်း အနောက်တိုင်းဝတ်စုံ၏ တင်းကြပ်စွာစည်းနှောင်ထားသော နက်ကတိုင်ကို ဖြေလျှော့လိုက်သည်။ အိမ်ထဲသို့ ဝင်ရောက်လာတော့ ဧည့်ခန်းနှင့် ကုတင်ပေါ်တွင် မင်းဧကံဟိဏ်းကို မတွေ့ရ။ အိမ်ထဲဝင်လိုက်ပြီးနောက် နက်ကတိုင်ကို အဆုံးထိဖြေလျှော့ချလိုက်ပြီး ဆိုဖာခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ မျက်လုံးတို့ စုံမှိတ်ကာ အမောဖြေနေခိုက် ရေချိုးခန်းတံခါးဖွင့်သံကြားသည်မို့ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရေချိုးဝတ်စုံဝတ်ဆင်ပြီး ခေါင်းကိုရေသုတ်လျှက် ထွက်လာသော မင်းဧကံဟိဏ်းကို တွေ့လိုက်ရသည်။
"အော်...ပြန်လာပြီလား"
"အင်း..."
မနက်ကကိစ္စကြောင့် ရာဇနှိုင်းအား မျက်နှာချင်းမဆိုင်ချင်ဘဲ မျက်နှာပူလှသော်လည်း အင်တာနက်ပေါ်က သတင်းအကြောင်းအရာများအား မေးမြန်းချင်သည်ကြောင့် ဆိုဖာခုံအနား လျှောက်သွားလိုက်သည်။
"မင်း......အင့်"
ဆိုဖာခုံနားအရောက် လက်ကောက်ဝတ်ကိုဆွဲချလိုက်သည်ကြောင့် ရာဇနှိုင်း၏ ပေါင်ပေါ်သို့ပြုတ်ကျသွားရပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ခံလိုက်ရသည်မို့ ရင်ဘတ်ကို တွန်းကန်ရင်း ရုန်းထွက်ရန် ကြိုးပမ်းလိုက်သည်။
"ဘာလုပ်......"
"ငြိမ်ငြိမ်လေးနေပါ။ မရုန်းစမ်းနဲ့။ ပင်ပန်းလာလို့"
ငြင်းဆန်လိုမှုများဟာ ပျောက်ကွယ်သွားရပြီး အားတို့ဖျော့ကာ အသာငြိမ်နေလိုက်တော့ ပို၍တင်းကြပ်စွာ ဖက်ထားလေသူ။ ထိုအတိုင်းသာငြိမ်နေရင်း ခဏအကြာ အသက်ရှုကြပ်လာရသဖြင့် ရင်ဘတ်ကို တွန်းကန်ရင်း အနည်းငယ်ရုန်းထွက်လိုက်ပြီး အသက်ဝဝရှုမိတော့သည်။ သို့သော်လည်း ရာဇနှိုင်းမှာ သူ့မျက်နှာအား စူးစိုက်ကြည့်နေသဖြင့် မနေတတ် ဖြစ်လာရပြီး မနက်က စကားများကြောင့်လည်း မျက်နှာက ပူလောင်လာရတော့သည်။ နေရခက်ခက် အခြေအနေကို ရှောင်လွှဲရန်အတွက် ရာဇနှိုင်းအား စကားအရင် စလိုက်သည်။
"ဟိုသုံးယောက် ကိစ္စက မင်းလုပ်လိုက်တာလား"
"အင်း...."
YOU ARE READING
𝑩𝒖𝒍𝒍𝒚 [Complete]
Romance𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်အောက်က မြေမှုန်သာသာပဲ" "အချစ်မဟုတ်ဘူး။ မင်းနဲ့ပတ်သတ်ရင် လိုချင်တပ်မက်စိတ် သက်သက်ပဲ" 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐓𝐡𝐢𝐧 𝐓𝐡𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်ေ...