အပိုင်း-၃၈

2.2K 165 29
                                    

ရေချိုးခန်းထဲကထွက်လာချိန်မှာ တံခါးဖွင့်သံကြားလိုက်ရ၍ တံခါးပေါက်နားထံ အပြေးသွားလိုက်ပြီး အိမ်ထဲဝင်လာသည့် လူပေါ် ခုန်တက်လိုက်သည်။ ရာဇနှိုင်းသည်လည်း အလိုက်သင့် ပြန်လည်ချီပိုးထားပြီး အေးစက်စက်နှုတ်ခမ်းသားတို့ဆီ ဖိကပ်၍ နမ်းရှိုက်လေသည်။

"ရေမသုတ်လာပြန်ဘူး"

"........"

ရာဇနှိုင်း၏ အပြောကို ပြန်မဖြေဘဲ မျက်လုံးကိုလှန်ကာ ပုခုံးတွန့်ပြလိုက်တော့ ချီပိုးထားသည့် လက်တို့က တင်ပါးတို့အား ဖြစ်ညှစ်ဆုပ်ကိုင်လာပြီး

"ပါပီလေးက အရမ်းဆိုးနေတာပဲ"

နှုတ်ခမ်းတွန့်ရုံသာ ပြုံးပြတော့ မေးစေ့အား တစ်ချက်နမ်းရှိုက်ပြီး ကုတင်ပေါ်အသာချပေးကာ ထိုင်ခိုင်း၏။ ထို့နောက်တွင်တော့ စိုစွတ်နေသော ဆံပင်တို့အား ရေသေချာသုတ်ပေးပြီး Dryerဖြင့် သေချာအခြောက်ခံပေးနေ၏။ ထို့ကြောင့်သာ မတ်တပ်ရပ်နေသော ရာဇနှိုင်း၏ ခါးကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး မှီထားလိုက်သည်။

"ငြိမ်ငြိမ်နေလေ...ဆံပင်တွေ အကုန်မခြောက်သေးဘူး"

"အင်း....ရှယ်ယာရှင်တွေနဲ့ တွေ့တာ အဆင်ပြေခဲ့လား"

"အင်း...ပြေပါတယ်။ သိပ်မကြာခင် Yaza Group ရဲ့ ရှယ်ယာရှင်အစည်းအဝေးပွဲ စတော့မယ်။ အဲ့ဒီမှာ တရားမဝင်ငွေအလွဲသုံးစားလုပ်ထားတဲ့ ကိစ္စတွေကို ချပြဖို့ သက်သေတွေ စုနေတာ"

"စုလို့ ရပြီလား"

"အင်း...တော်တော်များများလောက်ပေါ့"

"ဒါဆို သိပ်မကြာတော့ဘူးပဲ"

"အင်း...စိတ်ချပါ။ YaZa Group ကို ရပြီးတာနဲ့ စေ့စပ်ပွဲသတင်းကို ငြင်းမှာပါ"

"ဘယ်သူက မေးနေလို့လဲ"

"ဟား...ဟား..မသိဘူးလေ။ ဒီအတိုင်း မင်းက မြန်မြန်ငြင်းစေချင်မယ် ထင်လို့...မဟုတ်ဘူးလား။ ဒါဆို မငြင်းလည်း ရလား"

"......."

ထိုအဖြေအား ပြန်မပေးချင်သဖြင့် ဘာမှပြန်မပြောတော့ဘဲ ခါးကို ဖက်ထားသည့်လက်တွေကို ပိုမိုတင်းကြပ်လိုက်ပြီး မျက်နှာကို ရာဇနှိုင်း၏ ဝမ်းဗိုက်နားထံအပ်၍ ဖွက်လိုက်မိတော့သည်။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now