မှော်ဘီဘက်တလျှောက်ကားကို မောင်းနှင်လာရင်း GPS က ပြသနေသည့် လမ်းချိုးအတိုင်း ဝင်လာခဲ့လိုက်သည်။ ကားတစ်စီးစာ ရှိသော ကတ္တရာလမ်းအတိုင်းသာ ကားကိုမောင်းဝင်လာခဲ့ပေမဲ့ နာရီဝက်ကျော် ကြာသည်အထိ လမ်းအဆုံးကို မတွေ့ရသေးပေ။ ဘေးပတ်ဝန်းကျင်မှာလည်း လူနေအိမ်များ မရှိဘဲ မျက်စိတဆုံး စိမ်းလန်းစိုပြေနေသည့် လယ်ကွင်းများသာ။ ၄၅မိနစ်ခန့် မောင်းပြီးနောက်မှာတော့ ကတ္တရာလမ်းအဆုံးတွင် ပေါ်လာသော သုံးထပ်တိုက် အိမ်ကြီးတစ်ခု။ ထိုအိမ်ခြံဝန်းရှေ့မှာ ရပ်လိုက်ပြီး တစ်ချက်ကြည့်လိုက်တော့ ခြံရှေ့မှာ တပ်ဆင်ထားသည့် CCTVကို မြင်လိုက်ရသဖြင့် ဟွန်းနှစ်ချက်ခန့်တီးကာ ကားမှန်ကို ချ၍ မျက်နှာပြလိုက်ချိန် ခြံတံခါးမှာ အလိုအလျောက် ပွင့်သွားလေတော့သည်။ ထို့ကြောင့်သာ ကားအား ခြံဝန်းထဲ မောင်းဝင်ခဲ့လိုက်ပြီး ပါကင်ထိုးကာ အိမ်ထဲသို့ ဝင်သွားခိုက် တစ်စွန်းတစ်စ ရရှိလိုက်သော သွေးညှီနံ့တချို့။
"ထိုင်လေ...မတွေ့တာကြာပြီ ရာဇ။ မင်း ဒီအိမ်ကို အခုမှ ရောက်ဖူးတာမလား"
ဆိုဖာပေါ်မှာ ထိုင်နေသည့် လူတစ်ယောက်က ရာဇနှိုင်းအား ပြောလိုက်သဖြင့် ထိုလူနှင့် မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ထိုလူက ဝီစကီခွက်ကို လှုပ်ကာအရသာခံ၍ သောက်ကာ Laptop မျက်နှာပြင်အား မမှိတ်မသုန် ကြည့်ရှုနေဆဲ။
"ဟုတ်တယ်။ အစ်ကို မြန်မာပြည် ပြန်ရောက်တာ ကြားပေမယ့် အတိအကျမသိလို့။ အခုမှ အစ်ကိုဆက်သွယ်လာတော့ အဖွဲ့အစည်းReportတွေ လာတင်တာပါ"
"အင်း....ငါလည်း မိသားစုကိစ္စလေးတွေ ရှိနေသေးလို့ မင်းကို ဆက်သွယ်ဖို့ မေ့သွားတာ"
"ရပါတယ် အစ်ကို။ ကိစ္စမရှိပါဘူး။ ဒါက Report File တွေပါ"
"အင်း...ကျေးဇူးရာဇ"
သတ္တိမင်းရှင်က ဝီစကီခွက်ကို ချပြီးနောက် ဖိုင်များအား ကြည့်ရှုစစ်ဆေးပြီး
"အကုန်အဆင်ပြေပါတယ်။ မင်းကို စိတ်ချလို့ရမှန်း ငါသိပါတယ်။ ဒါပေမယ့် ငါလည်း ဒီကိုရောက်လက်စနဲ့ တစ်ခါတည်းခေါ်တွေ့လိုက်တာ"
YOU ARE READING
𝑩𝒖𝒍𝒍𝒚 [Complete]
Romantizm𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်အောက်က မြေမှုန်သာသာပဲ" "အချစ်မဟုတ်ဘူး။ မင်းနဲ့ပတ်သတ်ရင် လိုချင်တပ်မက်စိတ် သက်သက်ပဲ" 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐓𝐡𝐢𝐧 𝐓𝐡𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်ေ...