အခန်းတစ်ခုရှေ့တွင် မတ်တပ်ရပ်လျှက် တံခါးပေါ်က နံပါတ်ကို သေချာစွာကြည့်လိုက်သည်။
'4038'
ဖုန်းထဲရှိနံပါတ်နှင့် တိုက်စစ်လိုက်ပြီးနောက် ဟိုတယ်ကောင်တာက ပေးလိုက်သည့် ကတ်နှင့် အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ မီးများ လင်းထိန်နေသည့် အခန်း။ လျှောက်လမ်းအတိုင်းဝင်လာတော့ ဆိုဖာခုံပေါ်မှာ ခြေချိတ်ထိုင်ကာ ဝီစကီခွက်ကိုင်၍ သောက်နေသူတစ်ယောက်။"လာပြီလား ထိုင်ပါအုံး"
မျက်နှာအပေါ်ပိုင်း မျက်လုံးတဝိုက်အား Maskတပ်ထားသဖြင့် ဘယ်သူဘယ်ဝါမှန်းတော့ ခန့်မှန်းလို့မရနိုင်ခဲ့။
"မင်းကိုမင်း TV show ရိုက်နေတယ်များထင်နေလား။ ခိုးကြောင်ခိုးဝှက်နဲ့ မျက်နှာမပြရဲတဲ့ခွေးကောင်"
"ဒေါသတွေကြီးလှချည်လား။ ဒီမှာထိုင်ပြီး အရက်လေး ဘာလေး သောက်ပါအုံး"
"တော်စမ်းပါ။ မင်းလိုချင်တာဘာလဲ။ ပိုက်ဆံလား၊ လိုချင်တဲ့ ငွေAmountသာပြောလိုက်"
"ဟက်....ငါ လိုချင်တာကလား......"
ထိုလူက ထိုင်လျှက်သားပင် ရေခဲထည့်ထားသော ဝီစကီခွက်ကို လှည့်၍ တစ်ငုံခန့်သောက်လိုက်ပြီး ပြုံးလိုက်လေ၏။
"ငါ လိုချင်တာက မင်းငါ့အောက်မှာ ကောင်းကောင်းခံပြီး ငါပြောသလိုနေဖို့လေ"
"ဒီ ခွေးမသားကတော့...."
ထိုစကားတစ်ခွန်းကြောင့် မင်းဧကံဟိဏ်းမှာ ဒေါသထွက်စွာဖြင့် ထိုင်နေသူထံသို့ အားကုန်သုံး၍ လက်သီးတစ်ချက်ပစ်သွင်းလိုက်သော်လည်း ထိုလူက အလွယ်လေး မတ်တပ်ရပ်ကာ ရှောင်တိမ်းလိုက်လေသည်။ ထိုးချက်မှာ လွဲချော်သွားသဖြင့် ဆိုဖာပေါ်ပစ်လဲကျသွားသော်လဲ အားမလျှော့သေးဘဲ ထိုလူ့ကို အသည်းအသန်လိုက်လံထိုးကြိတ်နေသူ။ သို့သော်လည်း ထိုးချက်များကို လေလိုအလျှင်နှင့် ဘယ်ပြန်ညာပြန်ရှောင်တိမ်းနေသူကြောင့် လေဟာနယ်ကိုသာ ထိုးမိလေ၏။ နောက်ဆုံးသော ထိုးချက်မှာ ထိုလူက မင်းဧကံဟိဏ်း၏ လက်သီးအား ဖမ်းဆုပ်ပြီးနောက် လက်ကောက်ဝတ်ကို တစ်ပတ်လှည့်လိုက်ပြီး နောက်ပြန်ဖမ်းချုပ်ကာ နံရံဖြင့် ဖိကပ်ထားလိုက်သည်။
YOU ARE READING
𝑩𝒖𝒍𝒍𝒚 [Complete]
Romance𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်အောက်က မြေမှုန်သာသာပဲ" "အချစ်မဟုတ်ဘူး။ မင်းနဲ့ပတ်သတ်ရင် လိုချင်တပ်မက်စိတ် သက်သက်ပဲ" 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐓𝐡𝐢𝐧 𝐓𝐡𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်ေ...