အပိုင်း-၄

4K 189 21
                                    

ကျောင်းမဆင်းခင်အချိန်ကတည်းက လက်ကနာရီကို တကြည့်ကြည့်ဖြစ်နေသော မင်းဧကံဟိဏ်းကြောင့် သူငယ်ချင်းများကပါ သတိထားမိလာကြ​၏။

"ဧကံ ချိန်းထားတာ ရှိလို့လား"

"မရှိပါဘူး"

"ဒါဆို ညနေကျ သွားနေကြ နေရာလေး ဒိုးကြမလား"

"ဒီနေ့တော့ မရဘူး။ ဖြေရှင်းစရာ ကိစ္စတစ်ခုရှိတယ်"

"ဟုတ်လား။ ငါတို့လိုက်ခဲ့ရမလား"

မင်းဧကံဟိဏ်း တစ်ချက်တော့ စဉ်းစားလိုက်သော်လဲ ထိုဓာတ်ပုံများအား အဲ့ဒီကောင်တွေကို မမြင်စေလို။

"ရတယ်။ အမှိုက်ကလေးတစ်ခုပါပဲ။ ငါရှင်းလိုက်မယ်"

"အိုခေ"

"အဟမ်း အဟမ်း၊ ကျောင်းသားတွေ စာကို အာရုံစိုက်ပါ"

လက်ချာပေးနေသော ဆရာမက မင်းဧကံဟိဏ်းတို့ အဖွဲ့စကားများနေသည်ကို သတိပေးစကားတစ်ခွန်းပြောလိုက်သည်ကြောင့် သူတို့လဲ စကားစပြတ်တောက်သွားခဲ့ရတော့သည်။

~~~~~~~~~~~~~

သူငယ်ချင်းများ မရိပ်မိစေရန်အတွက် ကျောင်းဝန်းထဲမှအယောင်ပြထွက်လာခဲ့ပြီး လမ်းကြားတစ်နေရာတွင် ကားကို ဘေးချရပ်ကာ လက်ကနာရီကို ကြည့်ရင်း စတီယာတိုင်ကိုသာ လက်ညှိုးဖြင့် ခေါက်နေမိသည်။ နာရီလက်တံဟာ တရွေ့ရွေ့သွားနေပြီး ၆နာရီထိုးဖို့ နာရီဝက်အလိုခန့်တွင် ကားစက်နှိုးလိုက်တော့သည်။

သူ့လို လူအား ခြိမ်းခြောက်ရဲသည့် ခွေးမသားအား မြင်ချင်တွေ့ချင်လှပြီး အမိဖမ်းချင်လှသည်။ တစ်ညတာ အမှားတစ်ခုအတွက်နဲ့များ သူ့ကိုဒီလိုမျိုး လုပ်ရဲရသလား။ ဆေးသုံးပြီး အသိစိတ်မရှိခဲ့လို့သာ ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ရပေမဲ့ မင်းဧကံဟိဏ်းဟာ ဘယ်လိုကောင်မျိုးလဲ ဆိုတာ ဒီကောင့်ကို ပြရမည်။

အံတကြိတ်ကြိတ်ဖြင့် ကားကို ကျောင်းနောက်ဘက်ဂိုထောင်နားအထိမောင်းနှင်လာခဲ့ပြီး ချိန်းဆိုထားသည့် နေရာအား အကဲခတ်လှမ်းကြည့်လိုက်သည်။ လူအရိပ်အရိပ်အယောင် စိုးစိမျှ မတွေ့ရသဖြင့် ကျေနပ်စွာပြုံးလိုက်ပြီး ကားကိုစက်သတ်ကာ ဆင်းလိုက်သည်။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now