အပိုင်း-၂၆

2.5K 166 18
                                    

အပေါ်ထပ်သီးသန့်ခန်းတွေထဲက တစ်ခုကို တံခါးဖွင့်လိုက်ပြီး မင်းဧကံဟိဏ်းကို နံရံဘက်ဆောင့်တွန်းပစ်လိုက်သည်။

"မင်း ဘာလုပ်လိုက်တာလဲ မင်းဧကံဟိဏ်း"

"အ့...."

အားပြင်းပြင်းဖြင့် နံရံနှင့် ဆောင့်မိသွားသော မင်းဧကံဟိဏ်းမှာ အာမေဋိတ်အသံတစ်ခုထွက်ကျလာပြီးနောက် ဒေါသထွက်နေပုံရသော ရာဇနှိုင်းအား ပြန်၍ စူးစိုက်ကြည့်လိုက်လေ၏။

"ဒီအတိုင်းပဲ ပျင်းလို့လေ"

"မင်းသွားထိလိုက်တဲ့ အဲ့ဒီအဖွဲ့အစည်းက ဘာမှန်းရော မင်းသိရဲ့လား"

"မသိဘူးလေ...သိလဲမသိချင်ဘူး။ ဒီအတိုင်း မင်းကို Green Groupနဲ့ တွဲမြင်နေရတာ စောက်ကျက်သရေတုံးလွန်းလို့...ဟက်"

"မင်း..."

"ဘာအဖွဲ့အစည်းမှန်းတော့ မသိပေမဲ့ မဟုတ်တဲ့ကိစ္စတွေနဲ့ ဆိုးရွားတာတွေ အများကြီး လုပ်ကြပြီး တော်တော်လေးကို ညစ်ပတ်အောက်တန်းကျတဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှန်းတော့ သိတယ်။ မင်းလိုလူမျိုးတွေပေါ့"

လက်ညှိုးဖြင့် ရာဇနှိုင်း၏ ရင်ဘတ်အားထောက်၍ ညွှန်ပြကာ ပြောဆိုနေသော မင်းဧကံဟိဏ်းကြောင့် နှစ်ဦးသား၏ အခြေအနေက တင်းမာလျှက်။

"ဘာလဲ....အစသေးသေးလေးပဲ ဆွဲထုတ်ရသေးတာတောင် မင်းဒီလောက် ဒေါသထွက်နေပုံအရ အဲ့ဒီအဖွဲ့အစည်းကို မင်းတော်တော်ကြောက်ရပုံပဲ။ ဘယ်လိုလဲ ငါ့မှာ ရှိတဲ့ Dataတွေ အကုန်လုံးကို အားလုံးသိသွားအောင် ဖြန့်ချပေးရမလား"

"မင်းကို ငါသတိပေးမယ် မင်းဧကံဟိဏ်း။ အဲ့ဒီအဖွဲ့အစည်းကို နောက်ထပ် လုံးဝမထိပါနဲ့။ ငါလည်း မထိန်းချုပ်နိုင်တဲ့ နေရာမျိုးမို့... မင်းသတိထားတာ..."

"ဘယ်လိုလုပ်မလဲ...ငါက ထပ်ထိချင်တာ ဆိုရင်ကော....မင်းဒီလိုမျိုး ခွေးကလေးလို အသည်းအသန် အူယားဖားယား ပြေးလာတဲ့ ပုံစံမျိုးနဲ့ဆို ငါက ပိုပြီးထိချင်သွားပြီ..ဟက်"

"မင်း......"

ဂရုမစိုက်ဟန်ဖြင့် သတိပေးစကားအား ရိသဲ့သဲ့လှောင်ရယ်သလို ပြောနေသည့်အခါ ရာဇနှိုင်း၏ ဒေါသတို့ စုပြုံ ရိုက်ခတ်လာပြီး လက်နှစ်ဖက်ဖြင့် မင်းဧကံဟိဏ်း၏ လည်ပင်းကို ညှစ်ပစ်လိုက်သည်။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now