"မယားငယ်သားဆိုတာက ဘာကြီးလဲ သူငယ်ချင်း"
အတူဆော့နေရင်း သူ့ဘက်လှည့်ကာ ခေါင်းစောင်း၍ မေးမြန်းလာသည့် သူငယ်ချင်းအား အဖြေပြန်မပေးချင်ခဲ့။ မယားငယ်ဆိုတာမကောင်းသည့် လူဆိုးဖြစ်ပြီး သူကလူဆိုးမေမေရဲ့သားဆိုတာမျိုး ဖြစ်ကြောင်းကို တစ်ဦးတည်းသော သူငယ်ချင်းအား မရှင်းပြချင်ခဲ့။ သိလည်း မသိစေချင်ခဲ့။
"ဟို...မှာ မင်းအိမ်က ကားလာပြီ"
"အင်း။ တ့တာနော် သူငယ်ချင်း မနက်ဖြန်ကျမှ တွေ့ကြမယ်"
ပြန်ခါနီးပါးပေါ်သို့ နှုတ်ခမ်းဆူကာ အာဘွားပေးသွားသည့် သူငယ်ချင်းကြောင့် ပြုံးလိုက်ပြီး လက်ကိုပြန်လည် ဝှေ့ယမ်းပြလိုက်ပါ၏။ သူငယ်ချင်းကားပေါ်တက်သွားကာမှ ပါးတဝိုက်တွင် ပေကျံသွားသော တံတွေးများကို ပွတ်သုတ်လိုက်မိသည်။ သူငယ်ချင်းရှေ့တွင် ထိုသို့ချက်ချင်းပွတ်သုတ်မိပါက နှုတ်ခမ်းဆူကာ စိတ်ဆိုးသွားမည်စိုးသောကြောင့်။
အရင်က အမေတစ်ယောက်သာ အာဘွားပေးတတ်ပေမယ့် အခုတွင်တော့ ခင်တာသိပ်မကြာသေးသည့် သူငယ်ချင်းက ကျောင်းဆင်းချိန်ပြန်ခါနီးတိုင်း အာဘွားပေးပေးသွားတတ်၏။ သူကြီးပြင်းလာခဲ့သည့် နေရာမှာတော့ အဲ့ဒါက သာမန်သူငယ်ချင်း အချင်းချင်းပေးတတ်သည့်အာဘွားလို့ ပြောပေမယ့် မေမေကတော့ ချစ်ရတဲ့သူတွေကိုမှ အာဘွားပေးသည်ဟု ပြော၏။ ဘာတွေမှန်းမသိပါ။ ရှုပ်လွန်းလှသည်။ သူငယ်ချင်းက အဝေးကြီးကနေ လေယာဉ်ပျံအကြီးကြီးကို စီးလာသည်ဟုလည်း ပြောတတ်သေးသည်။ တီဗွီများတွင်သာ တွေ့ဖူးခဲ့သည့် လေယာဉ်ကြီးကို သူလဲ စီးဖူးချင်ပါ၏။
ဒါနဲ့ မေမေ့ကို မတွေ့ရသည်မှာ ရက်တော်တော်ကြာခဲ့ပြီး သူရေတွက်နိုင်သည့် အတိုင်းအတာကို ကျော်သွားခဲ့ပြီ။ လက်ချောင်းဆယ်ချောင်းတောင် မကတော့ပါ။ ပညာတတ်ကြီးဖြစ်ရင် မေမေက လာတွေ့မယ်ပြောသဖြင့် ပညာတတ်ကြီး မြန်မြန်ဖြစ်အောင် ကြိုးစားရမည်။ ထိုအကြောင်းများကို သူရှေ့ကားရောက်လာသည်အထိ ခေါင်းငိုက်စိုက်ချကာ စဉ်းစားနေမိဆဲ။
"ဟဲ့ မယားငယ်သား ဘာလုပ်နေတာလဲ။ ငါတို့ကို စောင့်ရအောင် လုပ်နေတာလား"
YOU ARE READING
𝑩𝒖𝒍𝒍𝒚 [Complete]
Romance𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်အောက်က မြေမှုန်သာသာပဲ" "အချစ်မဟုတ်ဘူး။ မင်းနဲ့ပတ်သတ်ရင် လိုချင်တပ်မက်စိတ် သက်သက်ပဲ" 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐓𝐡𝐢𝐧 𝐓𝐡𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်ေ...