အပိုင်း-၃၇

2.2K 156 18
                                    

လည်ပင်းတွင် ပတ်ပေးထားသည့် လည်ပတ်အား မှန်တွင် ကြည့်လိုက်ပြီးနောက် လက်နှင့် ကိုင်ကြည့်မိလိုက်သည်။ အနေရခက်ပေမယ့်လည်း အဲ့ဒီအနေရခက်ခြင်းကိုပင် သဘောကျနေသည့် စိတ်ကို ကိုယ်တိုင်လည်း နားမလည်နိုင်ဖြစ်ရသေး၏။ ထိုအခါ အနောက်သို့ရောက်လာ၍ ခါးကိုသိုင်းဖက်လိုက်သည့်အပြင် လည်ပတ်ရှိရာ လည်ပင်းနားဆီကို တစ်ချက်နမ်းရှုံ့လိုက်သည်ကြောင့် ကြက်သီးမွှေးညှင်းကလေးများ ထသွားရတော့သည်။

"ပြွတ်စ်....သဘောကျလား"

"..........."

အနောက်က လူက မှန်ထဲမှ သူ့မျက်နှာအား ကြည့်၍ မေးမြန်းနေသောအခါ ဝန်မခံချင်သဖြင့် အကြည့်ချင်းဆုံလျှက်သာ တိတ်တဆိတ် နေလိုက်ပါတော့သည်။ ထိုအခါ တသိမ့်သိမ့်ရယ်မောလာသူကြောင့် မကျေမနပ်ဖြစ်စွာ အကြည့်များကို လွှဲဖယ်ပစ်လိုက်တော့သည်။

"ဘာလို့ ငါ့ကို ဒါဝတ်ပေးထားတာလဲ"

"ဧည့်သည်တစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့လေ"

ထိုလူအား မတွေ့ချင်သော်လည်း အင်တာနက်ပေါ်က သတင်းများက အလွန်အမင်းဖောင်းပွနေသောကြောင့် မတင်မကျဖြစ်နေသည့် စိတ်ကလည်း တွေ့ကာ ရှင်းရှင်းလင်းလင်းသိချင်နေပြန်သည်။

"စိတ်ချပါ....ငါက မင်းကို ထိခိုက်အောင် ဘာမှမလုပ်ပါဘူး။ ဒီအတိုင်း မင်းက မယုံဘူးဆိုလို့...မတွေ့ချင်လည်း ရတယ်"

"ဒီအတိုင်း တွေ့ရုံပဲမလား"

"အင်း......"

ဘာမှဆက်မပြောတော့ဘဲ သဘောတူသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းကို ပြသလိုက်တော့ ခါးတဝိုက်နား လက်တွေက ပိုမိုတင်းကြပ်သွားပြီး လည်ပင်းနေရာနှင့် နားသပ်စပ်တို့ကို တရစပ် နမ်းရှိုက်နေတော့သည်။

"ပါပီလေးက သခင့်စကားနားထောင်တော့ အရမ်းချစ်ဖို့ကောင်းတာပဲ"

နားထဲသို့ တီးတိုးကပ်ပြောလာသည့် စကားများကို အသိစိတ်က လက်မခံချင်သော်လည်း မသိစိတ်ကတော့ လွန်စွာသဘောကျပြီး သာယာနေပြန်သည်။ အသိစိတ်နှင့် မသိစိတ် နှစ်ခုအကြားမှာ လွန်ဆွဲပြီး ဘယ်ခံစားချက်ကို အတည်ယူရမလဲ စဉ်းစားနေခိုက်မှာတင် တံခါးဘဲလ်သံက ပေါ်ထွက်လာတော့၏။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now