အပိုင်း-၂၇

2.3K 177 23
                                    

ရေချိုးခန်းထဲက ထွက်လာသည့် လူကိုကြည့်လိုက်တော့ ရေချိုးတဘက်ဝတ်စုံကို ဝတ်ထားပြီး ဆံပင်က ရေတွေပြောင်အောင်မသုတ်ရသေးသဖြင့် ရေစက်များက ကြမ်းပြင်ပေါ်သို့ တတောက်တောက်ကျဆင်းနေဆဲ။ အနည်းငယ်ရှည်ကျနေသော ဆံပင်များအား လက်ချောင်းများဖြင့် ထိုးကာ ခါထုတ်လိုက်သဖြင့် ရေစက်များက ဘေးပတ်ဝန်းကျင်ကိုပါ လွင့်စင်သွားသော်လည်း ဂရုမစိုက်ဘဲ စားပွဲပေါ်က ဖုန်းကို ယူကာ ကုတင်ပေါ်ထိုင်၍ ဖုန်းသုံးနေ၏။

"ခေါင်းကို ပြောင်အောင်သုတ်စမ်း"

သူ့အပြောကို ဖုန်းသုံးနေရင်းမှ မျက်လုံးတစ်ချက်သာ လှန်ကြည့်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် လျစ်လျူရှုပြီး ဖုန်းသာဆက်ပွတ်နေဆဲ။ ရေစိုနေသော ဆံပင်ရှိ ရေစက်များက မွေ့ရာပေါ်သို့ တစက်စက်ကျနေသည်မို့ အလုပ်ကိစ္စများ ကြည့်နေရင်းနဲ့ကို စိတ်ထဲမတင်မကျဖြစ်ကာ အာရုံနောက်ရချေပြီ။

"အခု ချက်ချင်း ရေပြောင်အောင်သုတ်......"

တဘက်အသေးတစ်ခုကို မင်းဧကံဟိဏ်း၏ ရေစိုနေသောခေါင်းပေါ်သို့ ပစ်တင်ပေးလိုက်ပြီးနောက် ခိုင်းလိုက်သော်လည်း မျက်မှောင်ကုတ်ကြည့်လာပြီး အကြည့်များနှင့် ဆဲဆိုနေသူ။

"ရေပြောင်အောင် မသုတ်ရင် ကုတင်ပေါ်တက်မအိပ်နဲ့.. ဆိုဖာပေါ် သွားအိပ်"

"စောက်နားကို ညီးနေတာပဲ"

မကျေမနပ်ဖြင့် ခေါင်းပေါ်က တဘက်နှင့် ခေါင်းကို တရကြမ်းပွတ်တိုက်ပြီးနောက် တဘက်အား သူ့မျက်နှာထံသို့ ပြန်ပစ်ပေါက်ပေးလာ၏။

"ရပြီမလား။ စောက်ကြီး စောက်ကျယ်နဲ့"

ထို့နောက်တွင်တော့ ကုတင်ပေါ်လှဲချရန် ပြင်ဆင်နေသဖြင့်

"အဲ့ဒီ ရေချိုးဝတ်စုံကို မလဲတော့ဘူးလား"

".........."

"ဗီဒိုထဲမှာ အဝတ်အစားတွေရှိတယ် သွားယူဝတ်"

"မင်းအဝတ်အစားတွေမို့ ရွံတယ်..မဝတ်ချင်ဘူး"

ကလပ်ကနေ ဆွဲခေါ်လာပြီးသည့် အချိန်မှစ၍ တစ်ချိန်လုံး အကန်စကားတွေပဲ ပြောကာ ဘာဖြစ်လို့ဖြစ်ချင်နေမှန်း မသိသော မင်းဧကံဟိဏ်းကြောင့် ရာဇနှိုင်း အခက်တွေ့ရလေပြီ။

𝑩𝒖𝒍𝒍𝒚 [Complete]Where stories live. Discover now