ဆူညံနေသော သီချင်းသံတွေအား လျစ်လျူရှုလိုက်ပြီးနောက် ရင်ခွင်ထဲကမိန်းမလှလေး၏ နှုတ်ခမ်းပါးပါးလျလျလေးများကို အငမ်းမရနမ်းရှိုက်နေခိုက် တစ်စုံတစ်ယောက်၏ တွန်းတိုက်လိုက်မှုကြောင့် အနမ်းတို့က ပြတ်လပ်သွားရ၏။
"ကျစ်...ဘာလုပ်တာလဲ တောက်"
တောက်တစ်ချက် ခေါက်ကာ လှည့်ကြည့်လိုက်သည့်အခါ ကော့တေးခွက်ကို ကိုင်ထားသည့် အမူးသမားဟာ သူတို့နှစ်ယောက်ကို ဝင်တိုက်သွားသည့်အပြင် ခွက်ထဲမှ ကော့တေးများကိုလဲ မှောက်ကျအောင်လုပ်သွားသဖြင့် အင်္ကျီဟာ အနည်းငယ် ပေကျံသွားတော့သည်။
"အေ့... ဆော်ဒီး"
ယိုင်နဲ့နဲ့လူဟာ သူ့အား လက်ကာပြတောင်းပန်ပြီး ထွက်သွားသဖြင့် စိတ်အနှောက်အယှက်ဖြစ်ကာ ကျန်ခဲ့ရသူမှာတော့ မင်းဧကံဟိဏ်းပင်။
"ဘယ်လိုကောင်တွေလဲဟ။ နောက်တစ်ခါ VIP Room တွေ ရှိတဲ့ အပေါ်ထပ်ကို ဧည့်သည်လက်ခံတာ ကန့်သတ်ထားအုံးမယ်"
"စိတ်လျှော့ပါဧကံရယ်...မူးနေတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်"
မိန်းမလှလေး၏ ချွဲနွဲ့သာယာလှသော အသံလေးအောက်မှာ ကသိကအောက်ဖြစ်လှသော စိတ်အစဉ်ဟာလဲ အနည်းငယ်တော့ ပြေပျောက်သွားရတော့သည်။
"မင်းလေးပဲ ကောင်းတယ်"
နှာခေါင်းချင်းပွတ်ကာ ကလူကျီစယ်လိုက်သောအခါ မိန်းမလှလေးမှာ သဘောကျဟန်လေးဖြင့် ရယ်သံလွင်လွင်လေးထွက်ကျလာ၏။ ဤမျှနှစ်လိုဖွယ်ကောင်းသော အလှလေးနှင့် ဇာတ်လမ်းဆက်သွားချင်သော်ငြားလည်း ညစ်ပေသွားသော အင်္ကျီကိုသန့်ရှင်းရေးလုပ်ရန် လိုအပ်သည်မို့ ပူးကပ်ထားသော ခန္ဓာကိုယ်အား ခေတ္တခွါလိုက်ကာ
"ခဏလေးနော်.. ကိုယ်သန့်ရှင်းရေးသွားလုပ်လိုက်အုံးမယ်"
"အွန်း...မြန်မြန်ပြန်လာခဲ့နော်"
"စိတ်ချ... ဒီညအတွက်တော့ မင်းလေးနဲ့ပဲ အချိန်တွေအများကြီး ကုန်ဆုံးမှာ"
ခေါင်းလေး တဆတ်ဆတ်ညိတ်ပြနေသည့် အလှပဂေးလေးအား နောက်ဆုံးသော အနမ်းတစ်ချက်ကို ပေးပြီးနောက် သန့်စင်ခန်းဆီသို့။ ပေရေနေသည်များကို ဘေစင်၌ သန့်ရှင်းရေးလုပ်ပြီးနောက် မှန်မှာပေါ်နေသော ချောမောလှသည့်မျက်နှာကို ကြည့်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်မိသည်။ နှုတ်ခမ်းထောင့်မှာ အနည်းငယ်ပေကျံနေသည့် နှုတ်ခမ်းနီ တစ်စွန်းတစ်စကို လက်မဖြင့် ပွတ်သပ်၍ ပျော်ရွှင်စွာဖြတ်သန်းမည့် ဒီည၏အကြောင်းအရာများကို စဉ်းစားလိုက်တော့ ကျေနပ်ပျော်ရွှင်လာသော စိတ်အစဉ်။ ထို့ကြောင့်သာ လက်အား အလျှင်အမြန်ဆေးကြောရန်အတွက် ခေါင်းငုံ့လိုက်စဉ် အနောက်မှ နှာခေါင်းကို တစ်စုံတစ်ခုနှင့် ပိတ်ကာလိုက်သော ခံစားချက်အထိအတွေ့။ စိမ်းရွှင်ရွှင်အနံ့တစ်ခုရရှိလိုက်သဖြင့် ရုန်းကန်လိုက်သော်လည်း အရင်ကတည်းက သောက်ထားသည့် အရက်အရှိန်ကြောင့် မိနစ်အနည်းငယ်အကြာမှာတင် အရာအားလုံးမှောင်မိုက်သွားရတော့၏။
YOU ARE READING
𝑩𝒖𝒍𝒍𝒚 [Complete]
Romantizm𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်အောက်က မြေမှုန်သာသာပဲ" "အချစ်မဟုတ်ဘူး။ မင်းနဲ့ပတ်သတ်ရင် လိုချင်တပ်မက်စိတ် သက်သက်ပဲ" 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐓𝐡𝐢𝐧 𝐓𝐡𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠 "မင်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ခြေထောက်ေ...