Intro

3.5K 110 1
                                    

#Unicode

"ဂျွန်ရိုဒီယန်!"

"ဘယ်ကောင်လဲကွ ငါ့နာမည်အပြည့်အစုံခေါ်ရဲတာ "

ဒီယန်မိမိနာမည်အားတစ်လုံးမကျန်အော်ခေါ်လိုက်သော
လူကြောင့် စိတ်တိုသွားရသည်။

ဟား ဒီမလောက်လေးမလောက်စားကတော့ အိပ်နေတဲ့ ယုန်
ကိုမှလာနှိုးလိုက်တာပဲ။ ကျားမဟုတ်ဘူးလားလို့ လျှာမရှည်နဲ့။
သိတယ် ကိုကိုက ချစ်စနိုးနဲ့ယုန်ဆိုလို့

"ငါပဲ "

"‌ဪ ခဗျားကို"

"အဲ့တော့ မင်းကဘာလုပ်ချင်လဲ"

ဂျောင်ဂု  ထိုလူအား လက်သီးလက်မောင်းတန်းကာပင်
အပေါ်မှထပ်၍၀တ်ထားသော လည်သာဂျက်ကင်အမဲအား
ချွတ်လိုက်ပြီး ဆိုဖာထက် ပစ်ပေါက်လိုက်သည်။ထို့နောက် ထိုလူ့ရှေ့ ခြေစုံရပ်ကာ

"ဘာမှမလုပ်ချင်ပါဘူးကိုကိုရဲ့ မောင်က နှိပ်ပေးမလို့ပါ"

ဟုဆိုကာပင် လက်မောင်းအား ဖက်ပြီး ပုခုံးထက်ခေါင်းတင်ကာ
ကပ်၍ချွဲနေတော့သည်။ထယ်ယောင်း ဒီအခြေနေကိုကြည့်ခြင်း
ဖြင့် အတပ်သိလိုက်ပြီ ဂျွန်ရိုဒီယန် ပြသနာရှာထားသည်ဆိုတာကိုပင်။

"ဒီလိုလုပ်နေလို့ မင်းအပြစ်လျော့သွားမယ်မထင်နဲ့နော် ဒီယန်"

"ကိုကိုကဗျာ"

"ကိုကိုကမဗျာနဲ့ မင်းရန်ဖြစ်လာပြန်ပြီဆို"

"ဘယ်မအေဘေးက ချွန်လိုက်ပြန်ပြီလဲမသိဘူး "

"ငါအကုန်ကြားတယ်နော် ဒီယန် ပွစိပွစိလုပ်မနေနဲ့"

ဒီကောင်လေးဟာ တကယ့်လူဆိုးလေးပင် ရန်မဖြစ်ပါနဲ့လို့
ထယ်ယောင်းအတန်တန်မှာသည့်ကြားက ပြသနာရှာလာပြန်သည်။
အခုလည်း ပြောတဲ့သူအား ကျိန်ဆဲနေသည်ပြန်သည်။

"ငါမေးနေတယ်လေ ဂျွန်ရိုဒီယန်!"

"မောင့်ကိုမအော်ပါနဲ့"

မေးနေသည်အား ဝေ့လည်ကြောင်ပတ်လုပ်နေသည့်
ဂျွန်ရိုဒီယန်ကြောင့် ထယ်ယောင်း စိတ်တိုလာရသည်။

အမှန်က ထယ်ယောင်း ရိုဒီယန်အား အော်လိုက်ခြင်းမဟုတ်
ဒေါသကြောင့် အနည်းငယ် လေသံမာသွားရုံသာ။

First Love of RodiumWhere stories live. Discover now