Part - 14

1.1K 115 38
                                    

#Unicode

ထယ်ယောင်းတို့ ဒယ်ဂူသို့ရောက်နေသည်မှာ တစ်ပတ်ပင်ပြည့်လုနီးပါးဖြစ်လို့နေသည်။​ထယ်ယောင်း
ဒယ်ဂူသို့အလည်လာခဲ့သည်မှာမှန်တယ်ဟုဆိုရ
မည်။ ​လူဆိုးကောင်ရောက်တဲ့နေ့ကစပြီး တစ်ရက်မှပျင်းရတယ်လို့ကိုမရှိ။တစ်မျိုးမဟုတ်တစ်မျိုးဗရုတ်ကျနေသည့်လူဆိုးကောင်နှင့် သူ့တပည့်ဂတုံးတစ်သိုက်ကြောင့် ထယ်ယောင်းမှာပျင်းချိန်တောင်မရ။

လူဆိုးကောင် ဒယ်ဂူသို့
ရောက်သည့် ပထမနေ့တွင်အဆင်ပြေသော်လည်း
စိုက်ခင်းသို့လိုက်သည့် နေ့မှာပင်ပြသနာကစ
သည်။ တစ်မနက်လုံး စိုက်ခင်း၌ အလုပ်လုပ်နေသည်မှာ အကောင်း ။ အိမ်သို့အပြန် လမ်းခုလတ်
တစ်နေရာသို့အရောက် အနီရောင်ပန်းပွင့်ချည်သားဘောင်းဘီနှင့်လူဆိုးကောင်အား
မြေပြန့်တစ်နေရာ၌ကျက်စားနေကြသော နွားအုပ်များထဲမှ ရှားရှားပါးပါး ကျွဲတစ်ကောင်က
ဒီယန့်အားမြင်ပြီး အတင်းလိုက်ခွေ့လေသည်။

သုတ်ခြေတင်ပြေးကာထွက်သွားသည့် ဒီယန့်အော်သံကြောင့် သူ့တပည့်ဂတုံးတစ်သိုက်ဟာလည်း ဂယက်ထလျက် အုတ်အော်သောင်းနင်းဖြစ်ခဲ့ ကြသည်။ထိုနေ့က ထယ်ယောင်းမှာ လူဆိုးကောင်၏ ဒဏ်ရာ အနည်းငယ်အား ဆေးထည့်ပေးခဲ့ရသေးသည်။ ထိုအကြောင်းကိုပြန်တွေးတိုင်း ထယ်ယောင်းမှာမရယ်ပဲမနေနိုင်။ကြ က်ခြံ၌ ကြ က်ဥကောက်တော့လည်း လူဆိုးကောင်တယောက်တည်းအား ကွက်ကာ ကြ က်လိုက်ခွပ်သည်ကြောင့်
ခွေးပြေးဝက်ပြေး ပြေးခဲ့ရပြန်သေး သည်။

ထိုနေ့ကအဖြစ်အပျက်ကစပြီး ထယ်ယောင်းရင်ထဲ
တစ်မျိုးတစ်ဖုံခံစားချက်ဟာ ဝင်ရောက်လာခဲ့သည်
ကို ထယ်ယောင်းခံစားမိသည်။ထိုနေ့က လူဆိုးကောင်၏ ကိုကိုရေ မောင့်ကိုကယ်ပါဦးဟုဆိုကာ
ထယ်ယောင်းထံတန်းတန်းမတ်မတ်ပြေးကာ
အားကိုးတ​ကြီး တင်းကျပ်စွာဖက်လာသည့် လူဆိုးကောင်ကြောင့် စိတ်မကောင်းလည်းဖြစ်ရသလို
ရင်တွေလည်းတလှပ်လှပ်ခုန်နေသည်မှာထိုအဖြစ်အပျက်အား ပြန်တွေးသည့်အခါတိုင်းပင်။
ရွှေအပါ်မြတင် ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် ဘယ်အမွှေးမှမီးမလောင်တဲ့ သူဌေးသား
လူဆိုးကောင်လေးအား ခိုင်းခဲ့သည်မဟုတ်ပါလား။

First Love of RodiumWhere stories live. Discover now