Part - 2

1.2K 78 1
                                    

#Unicode

ပုံမှန်ဆိုထယ်ယောင်း စောစောနိုးသော်လည်း ဒီနေ့ ဂျူတီoffသည်
ကြောင့် ထယ်ယောင်းအိပ်ယာထနောက်ကျခြင်းပင်။

ထယ်ယောင်း ရေချိုးခန်း၀င် ကိုယ်လက်သန့်စင်ကာ အောက်ထပ်ဆင်းလာတော့ ကိုကိုကြီးဟာ မနက်စာပင်စား
နေပြီဖြစ်သည်။

"ဒီနေ့ ဂျူတီမရှိဘူးလား ငယ်လေး"

"ဟုတ် မရှိဘူးကိုကိုကြီး"

"ဆေးရုံမှာ အဆင်ရောပြေရဲ့လား"

ကိုကိုကြီးဟာ စားပွဲပေါ်မှကော်ဖီအား တစ်ငုံသောက်ကာ ထယ်ယောင်းအား မေးလာသည်။

ကိုကိုကြီး၏အမေးကြောင့် ထယ်ယောင်းအတွေးထဲ မနေ့က အချိုးမပြေသည့် ဆံဝါကောင်ဟာ စိုးမိုးလို့လာသည်။

အဲ့ဒီ့ဆံဝါကောင်ကြောင့် ထယ်ယောင်းညက အိပ်၍ပင်မရ။ ဒေါသထွက်ရသည်မှာလည်း အခါခါပင်။

တစ်ကိုယ်လုံးနက်ဆွေးနေပြီး နှုတ်ခမ်းနှင့်ညာဘက်မျက်ခုံး
တွင် ကွင်းပေါင်းစုံဖြင့် ရှုပ်ရှက်ခက်နေသည်မှာ မြင်ပြင်း
ကပ်စရာ။

ထို့အပြင် ညာဘက်လက်ခုံရှိ ဟိုတစ်ကွက် ဒီတစ်ကွက်
tattoo များဟာလည်း ဂိုဏ်းစတားလိုလို ဘာလိုလို
နဲ့ ဆံဝါကောင်၏ မထိတထိမျက်နှာကြောဟာလည်း
ဖြတ်ရိုက်ချင်စရာအတိ။

ထိုဆံဝါကောင်၏ ဘေးအပါးလှိုင်းတွန့်ပုံစံဆံပင်ကိုမှ ဝါထိန်နေသည်မှာ ထယ်ယောင်းအခန်းရှိမီးသီးပင်
သူ့လောက်မလင်း။

နှုတ်ခမ်းတစ်ဖက်အား တစ်ချက်တွန့်ရုံဟန်ပါပါပြုံးကာ
ထယ်ယောင်းအား သူ့ထက်အငယ်တယောက်လို
ပြောဆိုဆက်ဆံနေသည်မှာအဆိုးဆုံးပင်ဖြစ်သည်။

ထယ်ယောင်း စိတ်ရှိတိုင်းသာဆို မိမိအား အသားယူကာပြောဆို
ဆက်ဆံနေသော နှုတ်ခမ်းအား ဖြတ်ရိုက်ပြီး လိမ်ကောက်ကောက်
ဆံပင်အား တစ်ပင်ချင်းဆွဲနှုတ်လိုက်ချင်သည်။

"အငယ်လေး"

"ဗျာ ကိုကိုကြီး"

"ဒီနေ့ဘယ်သွားဖို့ရှိလဲမေးနေတာကို ဘယ်တွေစိတ်ရောက်နေတာလဲ"

"ညကဇာတ်ကားအကြောင်းတွေးမိသွားလို့ပါ ကိုကိုကြီးရဲ့"

ဟုဆိုကာထယ်ယောင်းကိုကိုကြီးအား လိမ်၍ပြောလိုက်သည်။
ထယ်ယောင်းအတွေးထဲ ဘယ်ကနေဘယ်လို ဆံဝါကောင်ရောက်နေသည်မသိ ကိုကိုကြီးခေါ်နေသည်ကိုပင်
မကြားသည်အထိ ထိုဆံဝါကောင်အား မေတာပို့နေမိသည်။

First Love of RodiumWhere stories live. Discover now