#Unicode
ထယ်ယောင်း ဆေးရုံရောက်ရောက်ခြင်း ဆေးရုံအုပ်အသစ်
ပြောင်းမည်ဟူသော သူနာပြုယွန်း၏ စကားကြောင့်
စိတ်ပျက်သွားရသည်။အရင်ဆေးရုံအုပ်နှင့် ထယ်ယောင်း အတော်အဆင်ပြေနေသည်
ဖြစ်သောကြောင့် အလုပ်လုပ်ရသည်မှာ အဆင်ပြေသည်။"ဒေါက်တာကင်မ်ထယ်ယောင်းရှီး"
"အော ဟေ၀န်း ဂျူတီ offတာလား"
ထယ်ယောင်းပြောင်းလာမည့်ဆေးရုံအုပ်အသစ်အား
တှေးနစေဉျ မိမိနာမည်အားခေါ်လာသည်ကြောင့်
လှည့်ကြည့်လိုက်တော့ သူငယ်ချင်းမလေး ဟေ၀န်းပင်ဖြစ်သည်။"မဟုတ်ဘူး ဟိုကလေးမလေး ဟန်လေးသိတယ်မလား"
"အင်းသိတယ်လေ Brain tumor ဖြစ်နေတဲ့ ကလေးမလေးမ
ဟုတ်လား ဘာဖြစ်လို့လဲ""မိခင်က ကလေးမလေး 3နှစ်သမီးထဲက ဆုံးသွားတာ
အဲ့တာ အခုကလေးရဲ့အဖေကလည်း ကလေးအနားမှာမရှိဘူး"ထယ်ယောင်း ဟေ၀န်းစကားကြောင့် အတော်ပင် စိတ်မကောင်း
ဖြစ်သွားရသည်။"ကလေးအဖေကဘယ်ရောက်နေလို့လဲ"
"ကလေးမလေးရဲ့ အကျိတ်က ခွဲမှ ရမှာ သူတို့သားအဖ
ကချို့တဲ့တော့ ကလေးမလေးကို ကုဖို့ပိုက်ဆံမရှိဘူးလေ""အဖေဖြစ်သူက အဲ့နေ့ထဲက သဘော်လိုက်သွားတယ်ပြောတယ်
ကလေးမလေးရဲ့ အကျိတ်ကခွဲမှ အဆင်ပြေမှာမို့လို့""အဖေဖြစ်သူကမရှိတော့ ကလေးတစ်ယောက်ထဲကျ အဆင်မပြေ
ဘူး အဲ့တာ ဆွေမျိုးသားချင်းများရှိမလားလို့ သွားစုံးစမ်းမလို့"ထယ်ယောင်းကလေးမလေးအား သနားမိသည် သူ့ခဗျာ အရွယ်နှင့်မလိုက်အောင် ရောဂါခံစားနေရရှာသည်။
ထို့အပြင် မိခင်ရော ဖခင်ပါမရှိသည်ကြောင့် ပို၍ပင် သနားမိ
သည်။"ငါလိုက်ချင်ပေမယ့် ဂျူတီကလည်းရှိနေသေးတယ် "
"နေပါစေ ငါပဲ သွားလိုက်ပါ့မယ် ငါ့လူနာပဲ ငါ့မှာတာ၀န်ရှိတာမို့လို့
နင်သာစိတ်မကောင်းမဖြစ်နဲ့"ထယ်ယောင်းဟာ တကယ်စိတ်မကောင်းဟန် ပြောလို့လာသည်။
ကလေးမလေးအားသူသနားသည်။ တခြားကလေးတွေလိုပျော်ရွှင်စေချင်သည်။
YOU ARE READING
First Love of Rodium